Professional Authors

ကျွန်တော်ဘ၀ရဲ့ အလင်းရောင်

နေရောင်ခြည်အလင်း
ကျွန်တော်နှလုံးသားကို
ဖြာလင်းသလို
နွေးထွေးလန်းဆန်း
နေပါ၏
အချစ်၏ တန်ခိုး
အချစ်၏ အရောင်အ၀ါကလည်း
ကြီးပါဘိ
နှလုံးသားကိုအုပ်စိုး
အသည်းတံခါးကိုမိုး ပြီး
အစဉ်အမြဲ သူမ ပုံ၇ိပ်
သူမ ဟန်ပန်များနဲ့သာ
ချယ်မှုန်းထား၏
အချစ်နဲ့ ရေးတဲ့ စုတ်ချက်လေ
ဘယ် အရာလိုက်မှီမှာတုန်း
မွန်းကျပ်နေတဲ့
ကျွန်တော့်ဘဝ
သူမ ချစ်ခြင်းအလင်းေ၇ာင်ကြောင့်
ပြန်တက်ကြွလာပြီ
နေ့သစ်တိုင်းအတွက်
နံနက်လင်းတိုင်း
လိုအပ်တဲ့ ခွန်အားတွေ
သူမ ကို ချစ်တဲ့စိတ်တခုတည်းနဲ့
ကျွန်တော် မွေးဖွားနိုင်ခဲ့ပြီ…..
အလင်းရောင်လေးရေ
မှောင်ချိန်မှာရောက်လာသလို
လင်းချိန်ရောက်ရင်လည်း
သင်မထွက်သွားပါနဲ့လို့
ဘာလို့လဲဆိုတော့
သင်က
ကျွန်တော်အသက်ရှင်နေရခြင်းရဲ့
အကြောင်းတစ်ခုဖြစ်နေလို့လေ……
ထာဝစဉ်ထွန်းလင်းပေးပါ အလင်းရောင်လေးရေ………………

In: ကဗျာ Posted By: Date: Dec 2, 2011
Comment #1

ထာဝရထွန်းလင်ပါစေ..ဆုတောင်းပေးရင်း အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Dec 2, 2011
Comment #2

အားပေးပါတယ်…။

commentinfo By: SoFarAwayFromU at Dec 3, 2011
Comment #3

a linn yaung,,,,
a linn yaung,,,,
a linn yaung,,,,
mike de,,,
tin saar pone lay heart hti twar p,

commentinfo By: ei lay at Dec 3, 2011
Comment #4

so touching,,,,
really nice

commentinfo By: ei lay at Jun 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment