Professional Authors

တောရိုင်း – နရီထက်

အမြန်နှုန်းဆိုတာ ကျုပ်က လက်မခံ
ရိုးရိုးလေးနှင့် မောင်းတဲ့ နွားလှည်းကြီးက ယဉ်တတဲ့
မိုးပျံရထားဆိုတာ စိတ်ငြိမ်စရာလား
ဂျုန်းဂျုန်းဂျက်ဂျက် သံစဉ်တွေက ကျုပ်အတွက် ကောင်းကင်တစ်ခု
အဝေးလွင်ပြင် မြက်စိမ်းတွေက အကြည့်စိုက်လိုက်စရာတွေပါ
ကျုပ်ဖြင့် ရင်မောသေးရ
သူတို့ဆီက တိုက်တာတွေ မြင့်သလားဆို
မောမကြည့်ရဲစရာပါလား
ခေတ်မှီ ရှေ့ဆီ ဟမ်ဖုန်းအမိုက်စားနှင့်
ငါ လေ လူ … လူ  … လူ လုပ်လိုက်သေးတယ်
ဘာတဲ့… ကျုပ်နံပါတ်…
အတိအကျဆိုလား… ခဏခဏဆိုလား
ကျုပ်က အသုံးနည်းသဒေး
နံပါတ်က အလွတ်မကျသေး….
အမေနှင့်ရွာ သားမောင် လွမ်းစရာ
သီချင်းကြီးတွေက ငါ့ကမ္ဘာ
ဒစ်စကိုးဆိုလား ဟစ်တလာဆိုလား(ဟစ်ဟော့ပ် ပဲလား)
ငါ မခံစားနိုင်ဘူး…. (သွား… ဂျောင်းဂလောင်း)
တမာနှင့် မြေသင်းရနံ့ သတိမွတ်နေချိန်မှာ
ကတ္တရာလျှောက်လမ်းပေါ် ပြေးနေကြတဲ့ မြို့ကြီးသားတွေက
ငါကို လိမ်ချင်ကြသေးတယ်
(အေးမြတဲ့အရိပ် သူတို့ဆီမှာ ၀ယ်ယူပါတဲ့လေ)
ဆုပ်လည်း ဆူး၊ စားလည်း ရူးမယ်ဆိုတဲ့
ကျုပ် ကို …. သည်ငနဲသားတွေက
ရိုးတာကို မုန့်ကျိုးလိမ်၊ အ တာကို အမွှေစိန်
မလိုက်လုပ်စမ်းပါနဲ့တယ်လေ…
ကျုပ်က ဖြင့် ပြန်ပြောချင်ရဲ့
နွားလှည်း ဘီးပြုတ်တာကို ခံနိုင်တယ်
ကားဘရိတ်မှောက်ရမှာကို ကြောက်ရချည်သေး….။      ။

နရီထက်
( ၃၀ ၊ နိုဝင်ဘာ ၊ ၂၀၁၁ )

( ရိုးတာကို အခွင့်ကောင်းယူ၊ လိမ်လည်ချင်တဲ့သူတွေက အခွင့်ကောင်းနှင့် နိုင်ငံခြားလောကမှာ ဖြစ်တတ်တဲ့ သဘောကို ဟာသနှောလို့ ရေးဖွဲ့လိုက်တာပါ၊ တိုးတက်မှုအောက်မှာ အလှမ်းမမှီသေးတဲ့ ခြေလှမ်းတွေလား၊ မမှီနိုင်သေးတဲ့ ဦးနှောက်တွေလား၊ အ တာတာ တော့ မလုပ်လိုက်ပါနဲ့… အချိန်တွေက များများစားစား မရလိုပါ…)

In: ကဗျာ Posted By: Date: Nov 30, 2011
Comment #1

ရိုးတာကို မုန့်ကျိုးလိမ်၊ အ တာကို အမွှေစိန်

စာသားတွေလန်းတယ်ဗျာ

အားပေးသွားတယ်နော်

commentinfo By: harris at Nov 30, 2011
Comment #2

စာသေးလေး လန်းတယ်ဗျာ . အမေနှင့်ရွာ သားမောင် လွမ်းစရာ
သီချင်းကြီးတွေက ငါ့ကမ္ဘာ
တမာနှင့် မြေသင်းရနံ့ သတိမွတ်နေချိန်မှာ
ကတ္တရာလျှောက်လမ်းပေါ် ပြေးနေကြတဲ့ မြို့ကြီးသားတွေက
ငါကို လိမ်ချင်ကြသေးတယ်
ရိုးတာကို မုန့်ကျိုးလိမ်၊ အ တာကို အမွှေစိန်
နွားလှည်း ဘီးပြုတ်တာကို ခံနိုင်တယ်
ကားဘရိတ်မှောက်ရမှာကို ကြောက်ရချည်သေး….။ အဲ့အပှဒ် လေးတွေ အရေးအသား ကိုကြိုက်တယ် ။
အားပေးသွားတယ်နော်.

commentinfo By: thuya at Nov 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment