Professional Authors

မျက်လုံးနှင့်ရှင်သန်သူများ…

မျက်လုံးနှင့်ရှင်သန်သူများ…

လောကမှာနှာခေါင်းနဲ့အသက်မရှုပဲ
တစ်ယောက်နဲ့တစ်ယောက်
တစ်ယောက်ကဘာလုပ်နေတယ်ဆိုတာကိုကြည့်ပြီး
တစ်ယောက်ကဝေဖန်ရင်း
မျက်လုံးတွေနဲ့အသက်ရှုကြတယ်…

အဟာရပြည့်တဲ့နို့တစ်ခွက်အစား
အမြင်ကောင်းအောင်လုပ်ထားတဲ့
အမှိုက်သာသာမုန့်ပဲသရေစာတွေနဲ့တင်းတိမ်လို့
ပသာဒနဲ့အဟာရလဲလှယ်ကြတယ်…

မူလီတစ်လုံးလောက်တောင်မှ
အသုံးမဝင်တဲ့သတ္ထုတွေကို
လည်ပင်းမှာဆွဲပြီး
ခေါင်းမငြိမ့်တတ်တော့လောက်အောင်ကို
မျက်လုံးတွေနဲ့တန်ဖိုးသတ်မှတ်ကြတယ်…

အားနည်းတဲ့လက်တစ်စုံကိုငြင်းပယ်လို့
အရေပြားတစ်ထောက်စာအလှအတွက်
ဘဝကိုအရောင်းအဝယ်လုပ်လို့
မျက်လုံးကိုအစာကျွေးတတ်ကြတယ်…

ကဗျာတစ်ပုဒ်ဖတ်ဖို့ထက်
မဲပြာပုဆိုးခိုးခိုးခစ်ခစ်ကိုမှ
ရင်ခုန်အောင်ကြည့်ပြီးအလွမ်းတွေဝေနေအောင်ခံစားရင်း
မျက်လုံးကိုမျက်ရည်ကျခိုင်းတတ်ကြတယ်…

ခုန်နေတဲ့နှလုံးသားရဲ့အသံကိုနားထောင်ဖို့ထက်
သော့တွဲနဲ့နတ်ရုပ်တွေကိုပဲရှာဖွေရင်းနဲ့
တစ်ချို့တစ်ချို့တွေက
မျက်လုံးတွေနဲ့မြင်ရင်း…
အကြည့်တွေနဲ့ရင်ဆိုင်ရင်း…
အသက်ရှင်တယ်….။

Poe C
5.7.2010(9:57 PM)
http://chanlinnay.mandalaybloggers.org/ မှကူးယူသည်..။

In: ကဗျာ,Others Posted By: Date: Nov 27, 2011
Comment #1

အားနည်းတဲ့လက်တစ်စုံကိုငြင်းပယ်လို့
အရေပြားတစ်ထောက်စာအလှအတွက်
ဘဝကိုအရောင်းအဝယ်လုပ်လို့
မျက်လုံးကိုအစာကျွေးတတ်ကြတယ်…

စာသားတွေ ကြိုက်တယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment