Professional Authors

ဘဝခင်းတဲ့ တံတားတစ်စင်း

ခါးသက်သက် ဘဝတစ်ခုရဲ့
ထီးတစ်ချောင်းကို ကိုင်ဆောင်ရင်း
အသိုင်းဝိုင်းရဲ့ ချစ်မုန်းဟန်တွေကို
ခါးပိုက်ထဲ သိုဝှက်လို့
မနက်ဖြန် ခင်းတော့မည့်
ချောင်းကူးတံတားကို အောင်မြင်စွာ လုပ်ကိုင်ဆဲ….။

အသွားအလာ အဆင်ပြေတဲ့
ချောင်းကူးတံတားတစ်စင်းက အသိုင်းဝိုင်း
မရွေးချယ်ခဲ့ဘူး မမုန်းမပွားခဲ့ဘူး
မေတ္တာသီးခြား မရှိခဲ့ဘူး
လူချမ်းသာလား လူမွဲလား
မကွဲခြားခဲ့တဲ့ တံတားတစ်စင်းပေါ့…။

အရာအားလုံးက ပေါင်းဆုံရာ
တံတားတစ်စင်းလို အရာဝတ္ထုတိုင်း
တန်ဘိုးတွေဖြစ်ခဲ့တာ လူတိုင်းအသိပါ….။

ဒါဆိုရင် အသိရှိတဲ့ လူသားတွေ
မိတ်ဆွေချစ်ခြင်း ပေါင်းဆုံခြင်းဆိုတာ
ဘာတွေလုပ်သင့်လဲ ဖြစ်သင့်တာ ဆက်လုပ်ရင်း
အသိုင်းဝိုင်း မရွေး တိုးတက်ရေးပေါ့…..။

ဘဝထီးကလေး မဆောင်းသေးခင်
အသင့်ဖြစ်သင့်တဲ့ တံတားတစ်စင်းလို
ကြံ့ခိုင်စွာရပ်တည်လို့ ချမ်းသာ ဆင်းရဲ
မရွေးချယ်သော ခရီးတစ်ခု ခရီးဆက်စို့….။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 26, 2011
Comment #1

ခါးသက်သက် ဘဝတစ်ခုရဲ့
ထီးတစ်ချောင်းကို ကိုင်ဆောင်ရင်း
အသိုင်းဝိုင်းရဲ့ ချစ်မုန်းဟန်တွေကို
ခါးပိုက်ထဲ သိုဝှက်လို့
မနက်ဖြန် ခင်းတော့မည့်
ချောင်းကူးတံတားကို အောင်မြင်စွာ လုပ်ကိုင်ဆဲ….။
လုလင် အားပေးသွားပါတယ်ခင်ဗျာ

Comment #2

ကျေးဇူးတင်ပါတယ်… ကျွန်တော် ဆက်လက်ကြိုးစားနေဆဲပါ…. ကိုလုလင်ငယ်သွေးရေ….

Comment #3

ခါးသက်သက် ဘဝတစ်ခုရဲ့
ထီးတစ်ချောင်းကို ကိုင်ဆောင်ရင်း
အသိုင်းဝိုင်းရဲ့ ချစ်မုန်းဟန်တွေကို
ခါးပိုက်ထဲ သိုဝှက်လို့
မနက်ဖြန် ခင်းတော့မည့်
ချောင်းကူးတံတားကို အောင်မြင်စွာ လုပ်ကိုင်ဆဲ….။အားပေးသင့်ပါတယ်ျော….။

Comment #4

ကျေးဇူးတင်ပါတယ်… ကိုဇော်သက်ဦးရေ……..

Leave Comments

Name*

Email*
Website
Email me whenever there is new comment