ပကာသန အဆိပ်
နူးညံ့လွန်းလို့ ကောက်ရိုးတောင်
လျှပ်တစ်ပျက် ဝုန်းခနဲ မီးထတောက်
ဆေးလိပ်ပြာအောက်က မီးခိုးတွေရစ်ဝိုင်း
ငွေအသိုင်းဝိုင်းနဲ့ ပျားတွေဝိုင်းခဲ့ပြီ….။
ပျားကလေးတွေရဲ့ နယ်ပယ်
မာယာလွင်ပြင် သဲသောင်ပြင်မှာ
လေရူးတွေရစ်ဝိုင်း သဲမုန်းတိုင်လည်း
ဖြတ်ကျော်လို့ ပျားကြိုက်တဲ့
အသပြာကိုလည်း ပေးခဲ့တဲ့… လူမိုက်စည်းစိမ်း..။
စည်းစိမ်းတွေယစ်မူး နှစ်သစ်ကူးတော့
ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေတဲ့
ပျားဖယောင်းပန်း တစ်ပွင့်ကို
အသပြာပေးလို့ ယစ်မူးစွာ နမ်းရှိုက်ရင်း
ဘဝပျက်သူတွေ ရှိခဲ့ဖူးတယ်…..။
ပကာသနတွေ ဝိုင်းရံ စည်းစိမ်းခံရင်း
သန့်စင်သော ပျားပန်းတစ်ပွင့်ကို
ခြွေဖျက်နင်းခြေ သောကတွေဝေ
သူ့ဘဝလည်း သည်းခြေပျက်ခဲ့လေပြီ….။
သဘာဝရင်ခွင်မှာ ပွင့်သော ပျားပန်းကို
အချိုသကာတွေ လက်သစ်လောင်းရင်း
စည်းစိမ်းတွေကြားမှာ ခါချဉ်တွေ ဝိုင်းအုံ
အလှလည်းပျက် ဘဝလည်ပျက်ခဲ့ပြီလေ….။
ပျားပန်းတစ်ပွင့်ရဲ့ အစွမ်းကုန်အလှနဲ့
သူတို့အသိုင်းဝိုင်း စည်းစိမ်းတွေအားတက်လို့
မိုက်မဲစွာ နင်းခြေဖျက်စီးခဲ့
မတန်သော တဏှာရူးရဲ့ လက်သုံးတော်အောက်
အာဏာဆန် ငွေကြေးတွေနဲ့ ခြိမ်းခြောက်လို့
အဲဒီနေ့ အဲဒီည လမိုက်ည ဘဝပျက်ခဲ့ကြတယ်…။
တက္ကသိုလ်မြတ်မင်း
Comment #2
I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.
Myanmar Online Music: http://www.myanmaronlinemusic.com/
Thanks a lot!
 By: Myanmar Online Music at Nov 24, 2011
                        By: Myanmar Online Music at Nov 24, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
မတန်သော တဏှာရူးရဲ့ လက်သုံးတော်အောက်
အာဏာဆန် ငွေကြေးတွေနဲ့ ခြိမ်းခြောက်လို့
အဲဒီနေ့ အဲဒီည လမိုက်ည ဘဝပျက်ခဲ့ကြတယ်…။
………..နှစ်သက်အားပေးသွားပါသည်