Professional Authors

ဖျားနာနေတဲ့ ကမ္ဘာကြီး

 

ကမ္ဘာကြီးက

နေရထိုင်ရတာ မလုံခြုံတော့ဘူး အမေ

မေတ္တာတရားဆိုတာက ပါးစပ်ဖျားမှာ

လူတိုင်းလူတိုင်းက

ကိုယ့်လုံခြုံရေး အတွက်

အသက်ကို ဖက်နဲ့ထုတ်ထားရသလို

သဲတထိတ်ထိတ် ရင်တဖိုဖို။

လူတချို့က ဆိုကြတယ်

ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက်

မေတ္တာပို့ရမယ်တဲ့

ဒါပေမဲ့ အမေရယ်

အဲဒီလို ပို့လိုက်တဲ့ မေတ္တာတွေက

ကိုယ့်အိပ်ထဲကို ပြန်ပြန်ဖိတ်သွားတာ ခက်တယ်။

အချိန်နဲ့အမျှ ကမ္ဘာကြီးဟာ

ရွာဆိုပေမဲ့

လူတိုင်း လူတိုင်းရဲ့ နှလုံးသားမှာ

မေတ္တာတရားတွေ ငတ်ငတ်လာနေတယ်

အဲဒီရွာထဲက လူတချို့က

တိုက်အမြင့်ကြီးပေါ်က ခုန်ချချင်လာတယ်

အဲဒီရွာထဲက လူတချို့က

လက်ထဲပါတဲ့ ပစ္စတိုနဲ့

တွေ့သမျှလူလူ သူသူကို

ဟောလီးဝုတ်ဇာတ်ကားတွေထဲကလို

ရမ်းချင်လာတယ်၊

အဲဒီရွာထဲက

မရှိဆင်းရဲသား နင်ပြားတချို့က

ဈေးပေါပေါနဲ့ ရတဲ့

အိပ်ဆေးတွေ တစ်ဝကြီးသောက်ပြီး

ကိုရီယားကားတွေထဲကလို

အိပ်မက်လှလှတွေ မက်ချင်လာတယ်၊

အဲဒီလိုဇာတ်ဝင်ခန်းတွေဟာ

ကမ္ဘာ့သတင်းမှတ်တမ်းမှာ

တခမ်းတနားနဲ့ ရိုက်ချက်ပြင်းလို့

မေးလိုက်ချင်တယ် အမေရယ်

ဖျားနာနေတဲ့ ဟောဒီကမ္ဘာကြီးအတွက်

အာဏာနဲ့ပါဝါ မေတ္တာနဲ့ အသပြာ

ဘယ်ဟာက အရေးတကြီးလိုအပ်ပါသလဲ။ ။

In: ကဗျာ Posted By: Date: Nov 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment