Professional Authors

” ပြစ် စာ “

မင်္ဂလာ..မရှိနိုင်တဲ့ အဆက်ဟောင်း တမ်းချင်းမို့
နင့်ကို….နေကောင်းပါစ..လို့ပဲ
ကဗျာထဲက..နှုတ်ခွန်းဆက်ပါတယ်


ချစ်ခွန်းသီချိန်…ခါတော်မှီလောက်အောင်
နင်နဲ့ငါ ဝေးသွားကြပေမယ့်
တိုက်ဆိုင်မှုမရှိလည်း…နင့်အကြောင်းငါ
တွေး……နေမိတုန်းပါပဲ


အချစ်သစ်နဲ့နှစ်သစ်ကူးဖို့…..နင့်အတွေး
အမြဲလတ်ဆတ်လို့..အထမြောက်ပါစေ
လှိုက်လှဲစွာဆုတောင်းပေးရင်း
…………………………….
နင့်အိပ်မက်တွေ..ထဲ..
ငါ..ရှိနေမလား…….
စစ်တမ်းကောက်…ခြေလှမ်းလျှောက်ချင်မိသေးတယ်


အလွမ်းအဆွေး..သီချင်းတွေ
စွဲစွဲလမ်းလမ်း..မုန်းတီးနေဖြစ်တဲ့အကြောင်း


အရင်လို..အရင်အတိုင်း…
နင့်အတွက်…ငါ့မြတ်နိုးမှုများ….တံတိုင်းမခြား..
တံခါးကာရံလို့မရသေးတဲ့အကြောင်း


ရယ်နေ..ပျော်နေရင်း….
နင် ဆိုတဲ့အသိစိတ်..၀င်..ရောက်လာတိုင်း
ငါ…….ဟာ….ငါနဲ့…..ဝေးဝေးသွားတုန်းပဲဆိုတာ


ကြယ်ကြွေတိုင်း…အလွမ်းတွေကောက်
နင့်အတွက်…မှန်းလို့….အနမ်းတွေအရောက်ပို့ရင်း
ဒီ..လို……မပြောင်းလဲတဲ့
ခံစားချက်များစွာနဲ့…..
………………………………………
နင်ချန်ခဲ့တဲ့…ရာစုနှစ်ထဲ…
ကျ

      ကျန်ခဲ့တဲ့…ကောင်မလေးတယောက်အကြောင်း
သိနိုင်စေဖို့……….မျှော်လင့်…နေမိ…တုန်းပါပဲ

 
ငါ့…..တချိန်တခါက…..
အကြိမ်တရာမက…..မျက်ရည်ခြွေသူ….အချစ်ဦး…ရယ်။

In: ကဗျာ Posted By: Date: Nov 21, 2011
Comment #1

ကောင်းတယ်ဗျာ။အားပေးသွားပါတယ်။

commentinfo By: yelaylover2010 at Nov 21, 2011
Comment #2

မိုးရေ အားပေးသွားပါတယ်…..
အရမ်းကောင်းတယ်ဗျာ…။

commentinfo By: ကေသရီ at Nov 21, 2011
Comment #3

ဒီကဗျာလေးကအစအဆုံးအကုန်လုံးရင်ထဲကခံစားချက်နဲ့
တစ်ထပ်ထဲပါပဲ….အရမ်းကြိုက်ပါတယ်…
နင်ချန်ခဲ့တဲ့…ရာစုနှစ်ထဲ…
ကျ

ကျန်ခဲ့တဲ့…ကောင်မလေးတယောက်အကြောင်း
သိနိုင်စေဖို့……….မျှော်လင့်…နေမိ…တုန်းပါပဲ
အဲ့နေရာလေးပိုကြိုက်တယ်…အားပေးနေမယ်နော်

commentinfo By: ဆည်းဆာ at Nov 21, 2011
Comment #4

ကြယ်ကြွေတိုင်း…အလွမ်းတွေကောက်
နင့်အတွက်…မှန်းလို့….အနမ်းတွေအရောက်ပို့ရင်း
ဒီ..လို……မပြောင်းလဲတဲ့
ခံစားချက်များစွာနဲ့…..
………………………………………
နင်ချန်ခဲ့တဲ့…ရာစုနှစ်ထဲ…
ကျ

ကျန်ခဲ့တဲ့…ကောင်မလေးတယောက်အကြောင်း
သိနိုင်စေဖို့……….မျှော်လင့်…နေမိ…တုန်းပါပဲ

ငါ့…..တချိန်တခါက…..
အကြိမ်တရာမက…..မျက်ရည်ခြွေသူ….အချစ်ဦး…ရယ်။

အားပေးသွားတယ် မမ

commentinfo By: သားသား at Nov 21, 2011
Comment #5

ရုပ်ရှင်ကား တခုလို စိမ့်ဝင်မျောပါ သွားတယ်။ တပုဒ်လုံး အစမှ အဆုံးတိုင် ဆွဲခေါ်သွားတယ်။ လေးစားပါတယ်ဗျာ။
ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Nov 21, 2011
Comment #6

really nice.
don’t worry,ma moe.
if ur love is true,powerful,simple,,,,,u’ll get what u give,
no doubt.
it’s 100% truth.
noone can avoid or prohibit.
he also might not forget u as u feel.

commentinfo By: ei lay at Nov 21, 2011
Comment #7

ကြီးတော် ဒီမှာလည်း ထပ်ပီး အားပေးသွားတယ်နော်

Comment #8

…………………….
နင့်အိပ်မက်တွေ..ထဲ..
ငါ..ရှိနေမလား…….
စစ်တမ်းကောက်…ခြေလှမ်းလျှောက်ချင်မိသေးတယ်

commentinfo By: nate thit(နေ့သစ်) at Nov 22, 2011
Comment #9

မိုးကဗျာလေးတွေကို စိတ်ပါလက်ပါ…ဖတ်ပေး ဝေဖန်ပေးတဲ့အတွက် မိုး အရမ်းကိုကျေးဇူးတင်ပါတယ်
တကယ်..ကျေး ဇူး တင်ပါတယ်

commentinfo By: အသဲကွဲမိုး at Nov 23, 2011
Comment #10

မမိုး..ကောင်းလိုက်တာဗျာ..အခုမှပဲအားပေးဖြစ်တယ်။
မမိုး…အခုလိုမျိုးပဲကဗျာတွေပြန်ရေးပါဗျာ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 23, 2011
Comment #11

ကဗျာလေးအရမ်းကောင်းပါတယ်ဗျာ
အားပေးသွားပါတယ်။အမြဲတမ်းအောင်မြင်ပျော်ရွှင်နိုင်ပါစေဗျာ

commentinfo By: moehtetaung18 at Nov 24, 2011
Comment #12

ကဗျာက အရေးအသား ၊ စကားလုံးအသီအကုံး တကယ်ပြေပြစ်တယ်ဗျာ
ကျွန်တော် ဒီကြားထဲ ဒီကို မရောက်ဖြစ်လို့ အခုမှ အစ်မတော်အသဲကွဲမိုးကဗျာလေးဖတ်ဖြစ်တယ်ဗျ
ကြိုးစားထားအစ်မ ။

commentinfo By: X - ray at Nov 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment