November Born သိပါစေ…..။ ။
ဘယ်တုန်းကမှ မချစ်ခဲ့ဘူး တဲ့လား
ပြောရက်လိုက်တာ ချစ်သူရယ်
ငါ့ဘ၀တစ်ခုလုံး ပျက်သုဉ်းစေမယ့်စကား
နင့်နှုတ်ဖျားက တကယ် ဖွင့်ဟခဲ့တယ်…..။
လှည့်စားတယ်ဆိုတဲ့ အကြောင်းနဲ့
ကိုယ်ချင်းနင်မစာနာ
ဂလဲ့စားဆိုတာ သုံးတတ်ရင်
ငါ ပြောမယ်ချစ်သူ
ဒီကကောင်က ဘယ်သူ့ကိုမှ ယုံမှားစေအောင် ပုံပြောကောင်းခဲ့သူ မဟုတ်ဘူး….။
အိပ်မက်ကမ္ဘာတွေ ဆက်တိုက်ဖန်တီး
အဲ့ဒီထဲမှာလည်း နင်က တစ်ပါးထဲသော နတ်သမီးပါ
ပေတေလေလွင့်ခဲ့တဲ့ ဘ၀ကိုတောင်
နင် ကယ်တင်ပေးခဲ့ဖူးတာပဲ
ဘာ့ကြောင့် အခုမှ…….စိမ်းကားမှုတွေက ပုံရိပ်တွေလို ထင်ဟပ်လာတာလဲ….?
တချို့တချို့ရဲ့ ပြောင်းလဲတတ်မှုတွေ ငါ သိမြင်လာခဲ့တဲ့အချိန်
ငါ့ချစ်သူလေး နင့်ကို
အနည်းငယ်တောင် သံသယမပြုရက်
အပြုအမူတွေက ရင့်သလိုဖြစ်ခဲ့ရင်တောင်
ဒူးထောက်မတတ် တောင်းပန်ခဲ့ဖူးတဲ့ကောင်ပါ…..။
နှစ်ချို့နေတဲ့ ရင်ခုန်သံပြတိုက်ဟောင်းထဲက
နှစ်တွေ လတွေကိုသာ ပြန်အသက်သွင်းလိုခဲ့
နင့်အတွက်ဆိုရင် သစ္စာဆိုတာကို လည်ပင်းဖက်ပေါင်းသင်း အကျွမ်းတ၀င်ရှိခဲ့တဲ့ကောင်…..။
အမှားတွေထားခဲ့ဆိုပြီး……
ရင့်ရင့်သီးသီးအမိန့်ပေး
ငါ့တစ်ခုတည်းသော တစ်သတ်လုံးအမှားက နင့်ကို မစွန့်လွတ်နိုင်ခဲ့ခြင်းပါ ချစ်သူ…..။
ခရီးဆက်ခဲ့တဲ့ လွမ်းရတဲ့အချိန်တွေက
အခုနောက်ပြန်ကြည့်ရင် ငါတို့ ပန်းတိုင်ရောက်ခါနီးနေပါပြီ
ဒါပေမယ့် ငါ့ရဲ့ကြင်ယာဖက် နင်….
ရက်စက်စွာနဲ့ လက်ပြနေတယ်…။
ဘယ်ဆီကိုလဲ ချစ်သူရယ်
ငါ မပါဝင်တဲ့ ပတ်ဝန်းကျင်မှာ ဘယ်ရင်ခွင်ကို ခုံမင် သွားပြီလဲ…..?
နင့်ရဲ့ ပါးမို့မို့လေးတွေကို ငါ အဆုံးအရှုံးမခံနိုင်သလို
နင့်ရဲ့ ရယ်သံတွေကို တပ်မက်နေတုန်းပဲ
ငါ ဖြတ်သန်းခွင့်မရှိတော့တဲ့
နင့် အချစ်နယ်မြေထဲမှာ
နင် အဆိပ်တို့သင့်မှာ ငါ စိတ်ပူတယ်…..
ချစ်သူရယ်….
နင်နဲ့ ပတ်သက်လာရင် အမှတ်မရှိနိုင်တဲ့ ငါ
နင့် မျက်ဝန်းတွေ လွမ်းရင်း လုံးပါးပါးတော့မယ်…..။
နောက်ထပ်…..
ငါရှေ့ဆက်နိုင်ဖို့…….
နင့်ကို အနာဂတ်ထဲ ထည့်မှတ် ရည်ရွယ်ထားတယ်……။
ရူးသွပ်တယ်လို့ နင် ခဏခဏ ခနဲ့တဲ့အခါ……..
ပထမဦးဆုံး ငါ နင့်ကို ဆန့်ကျင်တယ်…
အဲဒါ ရိုးသားစွာနဲ့ အလိမ်အညာမဲ့ နင့်အတွက် ဆက်လက်ရှင်သန်ခြင်းမို့ပါ….။
Comment #2
:'(
:'(
:'(
By: ei lay at Sep 5, 2012




Comment #1
ဒီနိုဝင်ဘာ လ ထဲ မှာ ပဲ နိုဝင်ဘာသူလေး သိသွားပါစေဗျာ