Professional Authors

ရင်ကွဲငှက်ရဲ့ညနေ-ရွှေကြယ်မိုး

မိုးစုန်းစုန်းချုပ်ဖို့  အမှောင်တို့ 
စိုင်းပြင်ကြသောအခါ အိပ်တန်းသို့ ပြန်ခဲ့ပြီ

အိပ်မက်တွေကိုက်ချီသွားတဲ့ငှက်ငယ်
ပြန်လာတော့လည်းအိပ်မက်တွေနဲ့ 
အတောင်ပံတွေလည်းနာကျင်နေပြီ
နေ၀န်းကြီးလည်း ငုပ်လျှိုးလုပြီ…။
စပါးတစ်နှံတောင် ပါခဲ့ရဲ့လား ငှက်ငယ်…

ဟောင်းလောင်းပွင့်နေတဲ့သစ်ခေါင်းပေါက်က
ဆီးလို့ ကြိုတယ်…
အထဲမှာ အိပ်မက်တွေဟောင်းလောင်းနဲ့ 
ရစ်ပတ်ထားတဲ့ကောက်ရိုးမျှင်တွေရှိတယ်…
ဘာမှမမေးကြပါနဲ့ ကွယ်…
ငါဟာရင်ကွဲငှက်တစ်ကောင်ပါကွဲ့ 

ကြည့်ကြပါဦး…
ညနေတွေကပြိုကျလို့ လာနေ…
‘သူမ..သူမ..သူမ..’လို့ သိမ့်မွေ့ နာကျင်စွာ
တေးသီဖွဲ့ …မနက်ဖြန်အတွက်ဆုတွေတောင်းရဦးမယ်
ပုဇွန်ဆီရောင်မြူတန်းတွေကိုလက်ပြ
ရောက်လာတော့မယ့် အိပ်မက်ခါးတွေကိုလည်း
ကြိုဆိုနေမိတယ်…

အဝေးမှာတော့ မိုးစုန်းစုန်းချုပ်ဖို့ 
အမှောင်တို့  တပ်နှင့်ချီလာခဲ့ပြီ
                              ရွှေကြယ်မိုး

In: ကဗျာ Posted By: Date: Nov 15, 2011
Comment #1

ညနေတွေကပြိုကျလို့ လာနေ…
‘သူမ..သူမ..သူမ..’လို့ သိမ့်မွေ့ နာကျင်စွာ
တေးသီဖွဲ့ …မနက်ဖြန်အတွက်ဆုတွေတောင်းရဦးမယ်
ပုဇွန်ဆီရောင်မြူတန်းတွေကိုလက်ပြ
ရောက်လာတော့မယ့် အိပ်မက်ခါးတွေကိုလည်း
ကြိုဆိုနေမိတယ်…

GOOD! 🙂

commentinfo By: Natthamee at Nov 15, 2011
Comment #2

ကဗျာတစ်ပိုဒ်ချင်းစီတော့ ထုတ်မပြောတော့ဘူးဗျ
ရင်ကွဲနေတဲ့ ငှက်လေးရဲ့ညနေကို မျက်ဝါးထင်ထင်တွေ့လိုက်ရသလို ကဗျာလေးက အသက်ဝင်တယ်
အားပေးသွားတယ် ။

commentinfo By: X - ray at Nov 16, 2011
Comment #3

ဟောင်းလောင်းပွင့်နေတဲ့သစ်ခေါင်းပေါက်က
ဆီးလို့ ကြိုတယ်…
အထဲမှာ အိပ်မက်တွေဟောင်းလောင်းနဲ့ 
ရစ်ပတ်ထားတဲ့ကောက်ရိုးမျှင်တွေရှိတယ်…
ဘာမှမမေးကြပါနဲ့ ကွယ်…
ငါဟာရင်ကွဲငှက်တစ်ကောင်ပါကွဲ့ 

Comment #4

အိပ်မက်တွေကိုက်ချီသွားတဲ့ငှက်ငယ်
ပြန်လာတော့လည်းအိပ်မက်တွေနဲ့ 
အတောင်ပံတွေလည်းနာကျင်နေပြီ
နေ၀န်းကြီးလည်း ငုပ်လျှိုးလုပြီ…။
စပါးတစ်နှံတောင် ပါခဲ့ရဲ့လား ငှက်ငယ်…

ဟောင်းလောင်းပွင့်နေတဲ့သစ်ခေါင်းပေါက်က
ဆီးလို့ ကြိုတယ်…
အထဲမှာ အိပ်မက်တွေဟောင်းလောင်းနဲ့ 
ရစ်ပတ်ထားတဲ့ကောက်ရိုးမျှင်တွေရှိတယ်…
ဘာမှမမေးကြပါနဲ့ ကွယ်…
ငါဟာရင်ကွဲငှက်တစ်ကောင်ပါကွဲ့ 

commentinfo By: May Kha at Nov 16, 2011
Comment #5

ဟောင်းလောင်းပွင့်နေတဲ့သစ်ခေါင်းပေါက်က
ဆီးလို့ ကြိုတယ်…
အထဲမှာ အိပ်မက်တွေဟောင်းလောင်းနဲ့ 
ရစ်ပတ်ထားတဲ့ကောက်ရိုးမျှင်တွေရှိတယ်…
ဘာမှမမေးကြပါနဲ့ ကွယ်…
ငါဟာရင်ကွဲငှက်တစ်ကောင်ပါကွဲ့ 

commentinfo By: အသဲကွဲမိုး at Nov 16, 2011
Comment #6

အားပေးသွားပါတယ်ဗျာ……
ကဗျာလေး အ၇မ်းကောင်းတယ်။

commentinfo By: moehtetaung18 at Nov 18, 2011
Comment #7

ကောင်းတယ်ဗျာ။

commentinfo By: miss tower at Jan 14, 2013
Comment #8

မိုက်တယ်
ရင်ကွဲငှက်တစ်ကောင်ပါ ..

commentinfo By: မေပျို at Jan 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment