Professional Authors

ကော်ဖီရောင် ကောင်းကင်များ…

နွေ…….နွေ………..နွေ……………….

ငါ ဖြတ်ကျော် မိခဲ့သလား….၊၊

.ဒါ….ငါ့အမှား….များ……
တစ်ခုမျှသာ…မင်းစိတ်မှာ ကိန်းနေလိုက်ပါ….
(ငါ့ကို စိတ်ကစား……)
နင်မုန်းသွားလို့ …….(ယပလက်နှင့်..)..“ယ”လိုက်ပါတော့..
……ငါ့ အင်္ကျီ မှာလဲ….
ချွေးတွေ ရွှဲလို့ …….
ငါမမုန်းနိုင်သော…နင်……ငါ့ကိုမုန်းခဲ့လေ……

 

 

မိုး……………မိုး……………မိုး………….

ငါ…..ဖြတ်ကျော်မိပြန်တယ်…….

ဒါတွေက ..အတိတ်
“နင်မေ့လိုက်ပါတော့ဟာ….”
နင်ငါ့ကိုအကြိမ်ကြိမ်ပြောလဲ…..
         “ငါ့ဘက်က မှားတာပါ” လို့ သီချင်းဆိုမိပြန်တော့….
နင်က ဟားတိုက်ခဲ့တယ်လေ……
ကောင်စုတ်မလေး……
နင်ကန်ဘောင်မှာ နောက်တစ်ယောက်နဲ့ ဖြတ်လျှောက်တာ
ငါတွေ့ သားပဲ….မသိချင်ယောင်ဆောင်တဲ့ နေရာမှာ
ငါ…(နှစ်ယောက်) လုံးဝ မရှိဘူးနော်…….
 
ငါ့အင်္ကျီမှာလဲ…..မိုး….တွေ ရွှဲလို့ ……
ငါမမေ့နိုင်သောနင်…..ငါ့ကိုမေ့ခဲ့ ပြီလေ……..

 

 

ဆောင်း…………ဆောင်း……….ဆောင်း…………..

ငါမဖြတ်ကျော်နိုင်တော့…………….

နင်ရဲ့ ပညာရေး ကိစ္စကို ငါ အပြစ်မပြောခဲ့ဘူးလေ….

ငါဘာလို့ …ငါ့အနုပညာကို စော်ကားခဲ့တာလဲ……

ငါနင့်ကို .
“..နင်ဘယ်လောက်အောင်မြင်နေလို့ လဲ”

လို့ ….မမေးခဲ့သလို….

နင်ကတော့ ပြောထွက်ခဲ့သေးတယ်နော်……

“ နင့်အနုပညာက ဘယ်လောက်တောင် တန်ဖိုးတွေ ရှိနေလို့ လဲ…..”

သေချာတာကတော့ငါတို့ လမ်းခွဲဖို့ အဆင်သင့်ပြင်ဆင်သင့်နေပြီလေ…..

 

 

ဒါက …နင်လိုအပ်နေတာမဟုတ်လား…..

ငါ့အိမ်မက်တွေ …….(ကော်ဖီရောင်….အိပ်မက်တွေ…..)

ငါ့ကောင်းကင်တွေ….(ခပ်ဆိုင်းဆိုင်းတွေ….)

ငါ့အတ္တတွေ……( ကိလေသာ သိပ်မပါတာတွေ…)

ငါ…….
အခု…(မသေဆုံးနိုင်သေးဘူးလေ……)
ဒါက…..

သူမ…ကျွန်တော့်ကို ခပ်သော့သော့ ကြည့်ရင်းနဲ့ ……

 

 

“အော်…….ရီရတယ်နော်……..
ရန်ကုန်မြို့ ကြီး…နှင်းတွေ တောင်ကျနေပြီ………”

 

သူမ ရီမောနေခဲ့တယ်….ကျွန်တော်ကတော့

ရင်ဘတ်နဲ့ အမျှ…..မျက်ရည်တွေ ရွှဲသွားတယ်……

မျက်ရည်တွေကို…ငါ့အိပ်ကပ်ထဲ…ပြန်ထည့်လိုက်တယ်……..
ဒါ…ကော်ဖီရောင်ကောင်းကင်တွေ ကြောင့်ပဲဖြစ်မှာပါ….

 

 

(ကော်ဖီရောင် ကောင်းကင်များ…)= သူမနှင့်ကျွန်တော်ကော်ဖီဆိုင်တွင်စတွေ့ သောကြောင့်ဖြစ်သည်…
                                  

မှတ်ချက်။          ။ထိုနေ့ က ကန်ဘောင်ပေါ်တွင် ရုတ်တရက် နှင်း ကျပါသည်။
                       

 

 

                                                            [email protected]
                                                          Arker 6:16

In: ကဗျာ Posted By: Date: Nov 9, 2011
Comment #1

အားပေးသွားပါတယ် ခင်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment