Professional Authors

“စောင့်ဆိုင်း …”

ဘယ်တော့ ခြေဦးလှည့်လာမလဲ …
မသိရတဲ့
လေလွင့်ကြိုးမဲ့ကော်နက်ရှင်ကို
ညရိုင်းတစ်ခုမှာ စောင့်ဆိုင်း …
ကောင်မလေးတစ်ယောက်ကို
စကားပြောချင်တဲ့အတွက်ကြောင့်
ဖြစ်ပေါ်လာတဲ့ အလိုမကျစိတ်နဲ့ပဲ …
တက်(တောက်)တစ်ခုကို (ခေါက်)
လေပြည်တွေထဲ လက်ဆောင်ထည့်ပေးလိုက်တယ် …

မွေးကတည်းက မွေးဖွားပေးတဲ့
သူနာပြုဆရာမကို မော်ဖူးဖို့ စောင့်ဆိုင်း …
နို့စို့ဖို့ စောင့်ဆိုင်း …
ကစားရဖို့ စောင့်ဆိုင်း …
ကျောင်းတက်ရဖို့ စောင့်ဆိုင်း …
အတန်းပြီးဖို့ စောင့်ဆိုင်း …
အောင်စာရင်းထွက်ဖို့ စောင့်ဆိုင်း …
နောက်တစ်တန်းတက်ဖို့ စောင့်ဆိုင်း …
စောင့်ဆိုင်း ….
စောင့်ဆိုင်း …
စောင့်ဆိုင်း …
ဆယ်တန်းလေးတော့ အောင်လာခဲ့ပါပြီ …တဲ့…
ကောလိပ်တက်ဖို့ စောင့်ဆိုင်း …
နှစ်ကုန်ဖို့ စောင့်ဆိုင်း …
နောက်တစ်တန်းတက်ဖို့ စောင့်ဆိုင်း …
တဆိုင်းဆိုင်းနဲ့ နောက်ဆုံး
အရိုးတွေ ပြိုင်းပြိုင်းထွက်သည်အထိ
စောင့်ဆိုင်းလာလိုက်တာ …
ဘွဲ့လေးတော့ နာမည်တပ်ခံရပါပြီ …
နောက် …
အလုပ်ရဖို့ စောင့်ဆိုင်း …
အလုပ်ရှင်မျက်နှာရဖို့ စောင့်ဆိုင်း …
မ ဆီက အဖြေရဖို့ စောင့်ဆိုင်း …
ကို့ဆီက အဖြေရဖို့ စောင့်ဆိုင်း …
ညီမလေးဆီက အဖြေရဖို့ စောင့်ဆိုင်း …
မောင့်ဆီက အဖြေရဖို့ စောင့်ဆိုင်း …
သူ့ဆီက အဖြေရဖို့ စောင့်ဆိုင်း …
တဆိုင်းဆိုင်းနဲ့ နောက်ဆုံး …
ကဗျာရိုင်းတွေ ထွက်လာမှ …
လက်ထပ်ဖို့ စောင့်ဆိုင်း …
ကလေးရဖို့ စောင့်ဆိုင်း …
ပျော်ရွှင်စရာ အိမ်ထောင်စုတစ်ခုကို စောင့်ဆိုင်း …
မြေးလေးတွေ၊ မြေးမလေးတွေမျက်နှာ စောင့်ဆိုင်း …

သားသမီးတွေ အိမ်ပြန်အလာ
မြေးလေးတွေနဲ့ အတူ စောင့်ဆိုင်း …
စောင့်ဆိုင်း …
စောင့်ဆိုင်း …
စောင့်ဆိုင်း …
နောက်ဆုံး …
“…ငါဘယ်နေ့ သေရမလဲ…” ဆိုတဲ့
စကားရဲ့ အဖြေသိရဖို့ စောင့်ဆိုင်း …
ကဲ …
အသက်တစ်ချောင်းကို ပြည့်ဖုံးကားချလိုက်ပါပြီ …
…………………………………

ဘဝဆိုတာ …
ယုံကြည်ရမယ် …
ရှင်သန်ရမယ် …
“…ငါဟာ မနေ့ကထက် ဒီနေ့
ပိုကောင်း၊ ပိုတိုးတက်ရမယ်…”…လို့ …။

In: ကဗျာ Posted By: Date: May 17, 2010
Comment #1

ကောင်းလိုက်တဲ့ ကဗျာ…

commentinfo By: Second Two at May 17, 2010
Comment #2

Very nice poem !

commentinfo By: khinesuthwe at May 18, 2010
Comment #3

မိုက်တယ်ကွာ

commentinfo By: aunghmuekoko at May 18, 2010
Comment #4

I Like It

commentinfo By: Tpthawnpu at May 18, 2010
Comment #5

i likeyour poem

commentinfo By: chocolate at May 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment