Professional Authors

ဗီးနပ်(စ်)

အချစ်ဆိုတာ မထင်မှတ်တဲ့ ရင်ခုန်သံတွေ

စတင်တဲ့ အမှတ်အသားလား?

 

မမျှော်လင့်ရဲ့တဲ့ အချစ်အတွက်….

အဖြူထည်  ငေးနေယုံလောက်နဲ့

နှလုံးသားက တဆစ်ဆစ်

နာကျည်းနေပြီ

 

အတ္တနဲ့ မနမ်းရှိုက်သင့်တဲ့

ဆန္ဒတွေ တနင့်တပိုး ထမ်းပိုးလို့ပါလေ

တစ်ခါတစ်လေ

သူတစ်ယောက်ရဲ့ အဝေးဆုံး

မိုးကုတ် စက်ဝိုင်းရဲ့ ထောင့်တစ်ထောင့်မှာ

ဖွင့်ဟ ၀န်ခံမှုတွေနဲ့ လောင်မြိုက်နေဆဲပါ

 

သက်ပြင်းတွေ အခါခါနဲ့

ထွက်သက် ၀င်သက်တိုင်း

မွန်းကြပ်မှုရဲ့ ဒါဏ်ရာတွေ

မင်းသိစေချင်လိုက်တာ….

ယုံအောင်တော့ ငါမပြောပြတက်ပါဘူး…

 

မင်းရဲ့ အပြုံးတွေ တယုတယ

မြတ်နိုးခွင့် ပြုပါလေ…

 

အပြစ်ကင်းတဲ့ အပြုံးတွေက

ငါရဲ့ စိတ်တွေမှာ စိုးမိုးလို့

မင်းရှေ့မှာ ဆွံအလာအောင် ပြုစား

ရင်ခုန်စေတက်တဲ့ မျက်ဝန်းညိုတွေအောက်မှာ

ငါ အကြိမ်ကြိမ် ရုန်းထွက်နေရဲ့….

 

မျှောင်လင့်ချက်ဝေးဝေးက ကောင်းကင်လိုပါပဲ

နှလုံးသားရဲ့ စေစားချက်တွေ မတောင်းဆိုဝံ့ပါဘူး…ချစ်သူ

 

တွေတိုင်းလည်း မွန်းကြပ်မှုတွေနှဲ့

ဗီးနပ်(စ်)ရယ်…

တစ်ခါတစ်လေ

သူမသိအောင် နမ်းချင်ပါတယ်

In: ကဗျာ Posted By: Date: Nov 4, 2011
Comment #1

ma ti aung loak loh be ya ma le?

he..he..

commentinfo By: ei lay at Nov 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment