Professional Authors

ငါးမြှားချိတ်

ဒီည ကောင်းကင်းကြီးနဲ့ စကားပြောဖြစ်တယ်…

ကြယ်ကလေးတွေကလဲ ဘေးကနေ တတွတ်တွတ်နဲ့ဗျ.

ဟိုးတဘက်ဆီမှာကလဲ ငါးမြှားချိတ်ကလေး

ကောင်းကင်ကို ကွေးချိတ်လို့ပေါ့

ရင်ဘတ်ဆီ မြှားနေလိုက်တာများ…

 

ဒါညရဲ့ သာယာပုံ အခင်းအကျင်း..

နူးညံပုံ အခင်းအကျင်း..

နွေးထွေးပုံ အခင်းအကျင်း..

တိမ်တွေကလဲ ရှင်းသလို

ဘယ်လေမှလဲ မတိမ်းဖြစ်ခဲ့…

 

မှင်သက်မိတဲ့ ညချမ်းလေးလိုပါ

တရွေ့ရွေ့ နိမ့်ဆင်းနေလိုက်ပုံများ

လောကကြီး အမှောင်မရှိမှာတောင်

စိုးရိမ်မိရဲ့..

 

မိုးကုတ်ရဲ့ ဟိုဘက်နဲ့ ဒီဘက်

ဘာကြိုးမှ မရှိပဲ မြှားနေလိုက်တာများ

ငါးတစ်ကောင်မှ မရလဲ

ဆက်ဆက်ပြီး မြှားနေလေရဲ့..

 

(ကျွန်တော်လဲ ငါးမြှားချိတ် အကြီးကြီးပေါ်မှာ

ငါးမြှားချိတ် သေးသေးလေးနဲ့ ငါးတစ်ကောင်မှ မရလဲ

ချစ်သူရဲ့ လေသာ ပြတွင်းပေါက် အရောက် ဆက်ဆက်ပြီးမြှားနေဆဲ)

 

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

he,,he,,,
mike de.
mike de.
ngar kyike de.

commentinfo By: ei lay at Nov 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment