Professional Authors

သစ်စိမ်းချိုး

သစ်စိမ်းချိုး

ကျနော်။  ။လူတိုင်းမှာ မနက်ဖြန်တွေ၇ှိတယ်
ချစ်သူ။  ။နင်ငါ့ကိုဘယ်တော့မှမမျှော်လင့်နဲ့

ကျနော်။ ။ငါတို့ အိမ်မက်အသစ်တွေ သီဆို၇အောင်
ချစ်သူ။  ။ဇာတ်လမ်းတွေကို အေ၇ာင်မခြယ်ချင်ပါနဲ့တော့

ကျနော်။  ။ကဗျာတွေေ၇းတဲ့ ငါ့လက်ကို နင်ဘာလို့မတွဲဝံ့တာလဲ
ချစ်သူ။  ။အချစ်ဆိုတာ စိတ်ကူးယဉ်ဖို့ သက်သက်မှမဟုတ်တာ

ကျနော်။  ။နင့်နှုတ်ခမ်းတွေ အ၇င်လို ပူနွေးတုန်းလား
ချစ်သူ။  ။ဟင့်အင်း ငါတို့ပြန်ကြ၇အောင်

ကျနော်။  ။နင့်၇ယ်သံတွေ မကြား၇ဘဲ ငါ့ကိုယ်ငါ ဘယ်လိုစိမ်းလန်းပစ်၇မှာလဲဟာ
ချစ်သူ။  ။ လဲေ သ လို က် ..

                                         -မိုးခါး-                                           

In: ကဗျာ Posted By: Date: Oct 30, 2011
Comment #1

မိုက်တယ် ..:)
ကိုမိုးခါး အားပေးနေပါတယ်.
ကောင်းတယ်ဗျာ.

Comment #2

တစ်မျိုးဆန်းတယ်..ဗျ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 31, 2011
Comment #3

သစ်ပင်တွေ မျိုးတုန်း
တောင်ကုန်တွေပြိုကျ
ဦးတေဇတို့ခေတ်မှာ
သစ်စိမ်းချိုးလောက်ကတော့ အသေးအမွှားပါဂျာ

commentinfo By: oneonetwo at Oct 31, 2011
Comment #4

ကျနော်။ ။လူတိုင်းမှာ မနက်ဖြန်တွေ၇ှိတယ်
ချစ်သူ။ ။နင်ငါ့ကိုဘယ်တော့မှမမျှော်လင့်နဲ့

ကျွန်တော့မနက်ဖြန်တွေ ပင်လယ်ခရီးထွက်သွားတာဗျ
ယောက်ျားဖောင်စီး မိန်းမမီးနေ တဲ့

သစ်စိမ်းချိုးလို့ ပြောမရဘူးဗျ
မစိမ်းခဲ့ရပဲ ကျိုးခဲ့ရတာ

ဘယ်လို ချီးမွမ်းရမှန်းမသိဘူးဗျာ . . .

commentinfo By: Mickey at Mar 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment