Professional Authors

ဖခင်တမ်းချင်း

တမ်းတခြင်းသရုပ်ကို ကဗျာနဲ့သဏ္ဌာန်ထုတ်၊
ဆေးစုပ်နဲ့အသက်သွင်း အလွမ်းတေးသီချင်းလေးပေါ့။ ။
ပုလဲမျက်ရည်မခိုတွဲစေဖို့ ပိုကဲမိအပြုံးဟန်၊
အားခဲကာမာန်တင်းသော်လည်း အဖန်ဖန်ကျဆင်းမိပေါ့။ ။
ဖြေသော်လည်းလေ ပြေဖို့ရယ်ဘယ်မရဘူး၊
ကယ်လှည့်ပါအော်ရှာပေမယ့် ပေါ်မလာမျှော်တရင်းရူး။ ။
ကြည်နူးမိတွေးလေတိုင်း အေးရိပ်လှိုင်းနဲ့ချွေးသိပ်ခဲ့ချိန်ပေါ့၊
တိတ်တဆိတ်အနမ်းစက်ပေးချင်လဲ ခွဲထွက်ကာအဝေးကိုပြေးပြီမို့၊
ဖြေဆွေးရင်းသာအလွမ်းစာသွင်းတော့မယ် ဖခင်တမ်းချင်း။ ။
(ကျွန်တော်နဲ့ထပ်တူ ဖခင်နှင့်တစ်ဘ၀တာဝေးခဲ့ရသူများအတွက်)

In: ကဗျာ Posted By: Date: May 17, 2010
Comment #1

အင်းဗျာ … ကိုလင်းလက်ရေ
တကယ်ပဲ ခံစားရတယ်ဗျာ
အချစ်ကဗျာတွေကြားထဲမှာမှ … မိဘနဲ့ပတ်သက်တဲ့ကဗျာလေးကတော့ ထူးခြားနေသလိုပဲဗျာ …
……. အားပေးနေလျှက် …..

commentinfo By: min you aung at May 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment