ဂျက်အေးကို သူ့အမေ ရိုက်လို့
ကမ္ဘာအပြင်ရောက်နေလို့ ငါဟာ စာပို့သမား မဟုတ်၊
အခန်းကျဉ်းထဲရောက်နေလို့ ငါဟာ သတင်းစာပို့သမား မဟုတ်
ငါလည်း ငါရှာနေတဲ့ ငါ့လိပ်စာ ငါ့အိမ် ငါ့နေရာ ငါ့ကိုယ်တိုင်တောင်
ရှာမတွေ့ခဲ့ဘူး၊ နောက်ဆုံး မတွေ့တော့ ဟန်ဆက်ဖွင့်လို့
တယ်လီဖုံးခေါ်တယ်၊ နံပါတ်က ၉၆၉၃၊ ငါခေါ်လို့တဲ့အခါ
စက်သံက အ အ တယောက်လို၊ စွန့် အ နေတယ်
ပြီးတော့ ကမ္ဘာခြားသော ဧရိယာပြင်ပကို
ငါရောက်သွားတယ်၊ အခုတော့ အမိအိမ်က
ငါဖုန်းဆက်တာ သိသွားလို့ ရှာဖွေနေပြီးလေ..။
သို့သော် ကမ္ဘာပေါ်မှာ ငါမသိသော ပျောက်ဆုံးသူများနဲ့
ပျောက်ဆုံးနေသော ငါမသိတဲ့ ဖိတ်စာမဲ့ လိပ်စာများ
ဘယ်သူခေါ်မှန်းမသိတဲ့ ဇယားကွက်ထဲက ဖုန်းခေါ်သံများ။
ကိုယ်ပိုင်ဆိုင်ရာ အတင်းကောက်တဲ့ အသံဖမ်းကိရိယာများနဲ့
သေတမ်းစာ သက်သေခံ မှတ်ပုံတင်များ ရှိရဲ့လား
ဇယားကွက်ထဲ အစုရှယ်ယာဖြည့်ရဲလား
ကမ္ဘာကျော် ပြိုင်ပွဲတွေထဲက အနုအလှ ပန်းပု ပန်းချီပြိုင်ပွဲ
ကြည့်ပြီးပြီလား ကမ္ဘာ့အပြင်မရောက်စေနဲ့
၂၀၁၂ နှစ်သက် ရာစုသစ်ကို ရောက်ပြီလား..။
နည်းသစ်တွေ ရာစုနှစ်ကို ကြိုဆိုနေပြီလား..။
အို ကြောက်တယ် ဂျက်အေးကို သူ့အမေ ရိုက်လို့
မှောက်မိုက်မှာ ငိုရအုန်းမယ်..။
တက္ကသိုလ်မြတ်မင်း

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
ခေတ်က တောင်းဆိုလို့ အမိဖြစ်သူ အမေက ဂျက်အေးကို မှောင်မိုက်တဲ့ ညမှ အရိုက်ခံရသူလို့ မဖြစ်စေချင်ပါ……..