Professional Authors

ကိုယ်ကိုယ်တိုင်ထုဆစ်တဲ့ အတ္တရုပ်ပုံ

ကိုယ်ကိုယ်တိုင် ထုဆစ်တဲ့ အတ္တရုပ်ပုံ

အဖျားအနားတွေ ဖဲ့ချွေရင်း

တတိတိပဲ ထုဆစ်ခဲ့တယ်

ဟိုဖြတ် ..ဒီတောက် .. ဟိုပွတ်.. ဒီတိုက်

အချိန်တွေသာ ကုန်ခဲ့တယ်

စိတ်တိုင်းကျ မထုဆစ်နိုင်သေးဘူး ။

ဒီလိုနဲ့ပဲ…

မြတ်နိုးကိုးကွယ်မှုတွေ အရောင်တင်ရင်း

ယုံကြည်မျှော်လင့်ချက်တွေ ကော်ပတ်စားရင်း

တတိတိပဲ ပဲ့ကြွေခဲ့ပြန်ပြီ တန်ဖိုးထားမှုတွေ ။

ခုလဲ..ကိုယ်ကိုယ်တိုင်ပဲ ဆက်ထုဆစ်ခဲ့တယ်

ထုထည်ကြီးကြီး မလိုအပ်ဘူး

စစ်မှန်ရိုးသားတဲ့ အတ္တရုပ်ပုံတစ်ခုသာ…… ။  

In: ကဗျာ Posted By: Date: Oct 14, 2011
Comment #1

ကိုယ်ကိုယ်တိုင်ပဲ ဆက်ထုဆစ်ခဲ့တယ်

ထုထည်ကြီးကြီး မလိုအပ်ဘူး

စစ်မှန်ရိုးသားတဲ့ အတ္တရုပ်ပုံတစ်ခုသာ…… ။ ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment