Professional Authors

ဖြစ်နိုင်မယ်.ဆိုရင်(genius)

ပြိုလဲမသွားတဲ့
အချစ်ကို
ပိုင်ဆိုင်ထားမိခြင်းရယ်လို့
ကိုယ့်ကိုကိုယ်
အပြစ်မတင်နေတော့ပါဘူး။

ဘယ်တော့မှ
မပြောင်းလဲရခြင်းရယ်လို့လည်း
ပြောမနေတော့ပါဘူး။

မရှိမဲ့ ရှိမဲ့
အင်အားလေးနဲ့
အချစ်ကိုထမ်း

ရှေ့…….ဆက်
……………….
…………ဆက်
ခရီးတောင်မဆုံး
အချစ်(သူက)
ပစ်ခွာပြေးတော့

လွမ်းမောခြင်း
ရေစုန်မှာမျော
  …မျော…
နစ်မျောနေတဲ့

ကျွန်တော့်ကို
ဖြစ်နိုင်မယ်ဆိုရင်
လက်ကမ်းလေး
ပြန်လှမ်းပေးပါ.ချစ်လေး။

In: ကဗျာ Posted By: Date: Oct 12, 2011
Comment #1

မရှိမဲ့ ရှိမဲ့
အင်အားလေးနဲ့
အချစ်ကိုထမ်း

အဲ့နားလေးကိုပိုကြိုက်တယ်အစ်ကို ………

commentinfo By: arkar at Oct 12, 2011
Comment #2

ကျွန်တော်ခင်မင်ရတဲ့ ကို ပိုအမ်ဒေါ့ပိုအမ်တွမ်တီအိတ်ရေ… တစ်ခုခုကိုတော့ သိပ်မပြောချင်တော့သလိုပဲ။ အဲဒါ အချစ်အကြောင်းဆိုရင်တော့. ……နား..နား..နားနားပြီး ပြောမောမယ်လို့…

commentinfo By: မိုးလူ at Oct 12, 2011
Comment #3

ဖြစ်နိုင်မယ်ဆိုရင်… 🙂
ကောင်းတယ်ရဲမင်းး..အားပေးသွားတယ်ဟေ့

commentinfo By: နတ်သမီး at Oct 12, 2011
Comment #4

ကဗျာလေးဖတ်သွားတယ်ဗျာ ဖတ်လို့ကောင်းတဲ့ကဗျာလေးတစ်ပုဒ်ဘဲ ။

commentinfo By: X - ray at Oct 12, 2011
Comment #5

မရှိမဲ့ ရှိမဲ့
အင်အားလေးနဲ့
အချစ်ကိုထမ်း…

ကောင်းတယ်ဗျို့….တကယ်ချစ်တတ်သူတစ်ယောက်ပါပဲဗျာ..

commentinfo By: နွေဦးသစ် at Oct 12, 2011
Comment #6

ကောင်းတယ် ညီ
အားပေးသွားတယ်

Comment #7

အားပေးသွားတယ်နော်….

commentinfo By: yaewintaung at Oct 13, 2011
Comment #8

good ! 🙂

commentinfo By: sharon myorr myor at Oct 13, 2011
Comment #9

လွမ်းမောခြင်း
ရေစုန်မှာမျော
…မျော…
နစ်မျောနေတဲ့

ကျွန်တော့်ကို
ဖြစ်နိုင်မယ်ဆိုရင်
လက်ကမ်းလေး
ပြန်လှမ်းပေးပါ.ချစ်လေး။

ရဲမင်းရေ…..အားပေးသွားပါတယ်….ကဗျာလေးက ကောင်းတယ်ဟ

commentinfo By: ကေသရီ at Oct 13, 2011
Comment #10

အားပေးတဲ့ကဗျာချစ်ညီအစ်ကိုမောင်နှများအားလုံးကျေးဇူးတင်ပါတယ်။

commentinfo By: poem.poem28 at Oct 14, 2011
Comment #11

အားပေးနေပါတယ်..အမြဲတမ်းပေါ့

commentinfo By: အသဲကွဲမိုး at Oct 14, 2011
Comment #12

nyar nay par de byoe,,,
nyar nay par de byoe,,,
da ke le pyan lar yaw,,pyin nyar tway pya p hnate sat par lay kone e.

commentinfo By: ei lay at Oct 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment