Professional Authors

ရွံချင်စရာကောင်းတဲ့ကောင်

ဆောက်တည်ရာမဲ့ခဲ့တာ

ဒီဘ၀ထဲ အကြိမ်ကြိမ်ပါပဲ..

ငါ့ပိုင်နေရာလည်း

ငါပြန်ရှာမတွေ့ တတ်တော့ ။

အများနည်းတူ

လမ်းဟောင်းလျောက်မိတော့

ငါက လူနုံလူအ တဲ့…

အမြန်လိုချင်သူမို့ လမ်းအိုမလိုက်သင့်ဘူးလား ။

ရေဆာနေတုန်းမို့

သောက်လိုက်မိတာ

မိုးခါးရေ တဲ့လား ။

ရေနစ်သူ ငါ့မှာ ကောက်ရိုးတမျှင်တောင်

ဆွဲခွင့် မရှိဘူးတဲ့လား ။

ငါ့ခန္တာ ငါခြွေရမှာမို့ 

ငါ့တောင်ကုန်းမှာ နေမ၀င်ပါရစေနှင့်ဦး..

ငါငေးရာ အရပ်ကမှောင်မဲနေတုန်း ။

အစီအစဉ်မဲ့ လောင်းကစားပွဲမှာ

ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြစ်နေတုန်း

ဘ၀ က ငါ့ကိုဖန်တီးတယ် ။

ငါကိုယ်တိုင်ဖန်တီး မိတာက

ကိုယ်တိုင်တောင်ရွံရှာ မိတဲ့ အတ္တ..။

ငါ့ရင်ထဲက ဘွန်ဆိုင်းသစ်ပင်လေး

သေဆုံးပြီးနောက် ငါမယုံကြည်တတ်ခဲ့မိတာ

ငွေကြေးရနံ့ နှင့် တေးဆိုတတ်သော မြွေများ ။

ရာသီအလီလီပြောင်းခဲ့ပြီး

ငါနှုတ်တိုက်ရ ခဲ့တာ

အပေါစားအယူဝါဒ နဲ့ အော်ကလီဆန်ချင်စရာ

ဘုန်းတော်ဘွဲ့ များ ။

In: ကဗျာ Posted By: Date: Oct 8, 2011
Comment #1

လုလင် အားပေးသွားပါသည်

Comment #2

ငါကိုယ်တိုင်ဖန်တီး မိတာက

ကိုယ်တိုင်တောင်ရွံရှာ မိတဲ့ အတ္တ..။

ငါ့ရင်ထဲက ဘွန်ဆိုင်းသစ်ပင်လေး

သေဆုံးပြီးနောက် ငါမယုံကြည်တတ်ခဲ့မိတာ

ငွေကြေးရနံ့ နှင့် တေးဆိုတတ်သော မြွေများ ။

ရာသီအလီလီပြောင်းခဲ့ပြီး

ငါနှုတ်တိုက်ရ ခဲ့တာ

အပေါစားအယူဝါဒ နဲ့ အော်ကလီဆန်ချင်စရာ

ဘုန်းတော်ဘွဲ့ များ ။
မိုက်တယ် ဗျာ မြတ်သူကြိုက်တယ်ဗျာ ကောင်းလိုက်တဲ့ကဗျာ

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 8, 2011
Comment #3

ငါ့ရင်ထဲက ဘွန်ဆိုင်းသစ်ပင်လေး

သေဆုံးပြီးနောက် ငါမယုံကြည်တတ်ခဲ့မိတာ

ငွေကြေးရနံ့ နှင့် တေးဆိုတတ်သော မြွေများ ။

အားပေးသွားပါတယ်

commentinfo By: laminpaing at Oct 8, 2011
Comment #4

အားပေးပါတယ်…။

commentinfo By: SoFarAwayFromU at Oct 8, 2011
Comment #5

ရေဆာနေတုန်းမို့

သောက်လိုက်မိတာ

မိုးခါးရေ တဲ့လား ။

ရေနစ်သူ ငါ့မှာ ကောက်ရိုးတမျှင်တောင်

ဆွဲခွင့် မရှိဘူးတဲ့လား ။

ငါ့ခန္တာ ငါခြွေရမှာမို့ 

ငါ့တောင်ကုန်းမှာ နေမ၀င်ပါရစေနှင့်ဦး..

commentinfo By: mgchannaye at Oct 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment