Professional Authors

အာဒမ်ရှင်းတမ်း

နေရောင်လာမှ..
ခေါင်းထောင်ရတဲ့
နေကြာပန်းပါ….
နေ၀င်ရင် ခေါင်းလေးကိုကွေး..
တိတ်တိတ်လေးဆွေးနေရတယ်….။

ငါဟာအာဒမ်တစ်ဝက်ဗြဟ္မာတစ်ဝက်နဲ့
ဧဒင်ဥယျာဉ်ကိုအပိုင်သိမ်းဖို့ကြိုးစားခဲ့သူပါ..
ချစ်သူရေ..
ငါဟာလွမ်းတတ်ကြောင်း..
ကြယ်တွေကသက်သေပြပါလိမ့်
အလွန်းအကြူးဆုပ်ကိုင်ခဲ့ဖူးတဲ့သုည
သူနဲ့တွေ့မှကျကွဲတယ်….၊
ဒုက္ခသစ္စာနဲ့သမုဒယသစ္စာ
အကြောင်းများ မြင်းစိးပြီဒုန်ဆိုင်းရောက်လာခဲ့
နှင်းဆီအိမ်မက်တွေထုံတဲ့ညမှာ
ငါရဲ့ရင်ခွင်ပြတင်း
ကြယ်တွေကြည့်ဖို့ဖွင့်မိတယ်
ဒီလိုနဲ့ငါရဲ့ရှင်းတမ်း
စတင်တယ်…။

In: ကဗျာ Posted By: Date: Oct 7, 2011
Comment #1

လုလင် အားပေးသွားပါတယ်

Comment #2

ငါဟာအာဒမ်တစ်ဝက်ဗြဟ္မာတစ်ဝက်နဲ့
ဧဒင်ဥယျာဉ်ကိုအပိုင်သိမ်းဖို့ကြိုးစားခဲ့သူပါ..
ချစ်သူရေ..
ငါဟာလွမ်းတတ်ကြောင်း..
ကြယ်တွေကသက်သေပြပါလိမ့်
အလွန်းအကြူးဆုပ်ကိုင်ခဲ့ဖူးတဲ့သုည
သူနဲ့တွေ့မှကျကွဲတယ်….၊
ကြိုက်..တယ်

commentinfo By: အသဲကွဲမိုး at Oct 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment