Professional Authors

ဘ၀သမား

သူငယ်ချင်းတွေကချစ်ကြည့်ဖို့ပြောတယ်
ဒါပေမယ့် …. မချစ်ရဲ
နှလုံးသားက ချစ်ချင်တယ်လို့တောင့်တတယ်
သို့သော်လည်း … မချင့်မရဲ။
သူကလေးက မျက်စောင်းနဲ့ ချိတ်ပြတယ်
ရင်ထဲတော့ … တဒိတ်ဒိတ်
ညအိပ်တော့လည်း သူ့စိတ်
သွားပြီဆိုလည်း သူ့အရိပ်
ဝေးမှာကြောက်မိ တထိတ်ထိတ်
မတတ်သာတော့ ကြိတ်မျိုသိပ်။
တိတ်တိတ်လေးပဲ ကိုယ်တမ်းတ
ချွေးထွက်ဝမ်းလှ ကိုယ့်ဘ၀။
အချစ်တွက်တော့ အချိန်မရ
အော်.. ဘ၀ဘ၀… ကိုယ့်ဘ၀။
ဇာတ်ဆရာရဲ့ အလိုတော်ရ
ကနေရတာ လက်ပန်းကျ
မောပန်းပေမယ့် နားခွင့်မရ
ဘ၀ဘ၀… ကိုယ့်ဘ၀။ ။

In: ကဗျာ Posted By: Date: May 15, 2010
Comment #1

comment လေးတွေပေးခဲ့ပါလား

commentinfo By: linlatarkar at May 15, 2010
Comment #2

မချစ်ပါနဲလား ဒါမှကဗျာတွေရေးဖြစ်မှာ

commentinfo By: happywin at May 15, 2010
Comment #3

ကြိုက်တယ်..
အားပေးနေပါတယ်

commentinfo By: Second Two at May 15, 2010
Comment #4

ဘ၀ဆိုတာတိုက်ပွဲ လို့ဆိုကြတယ်
ဘ၀ဆိုတာစိန်ခေါ်ခြင်းတရပ်ပါပဲ
အချစ်အတွက် အချိန်မပေးနိုင်ပေမယ့် မေတ္တာနဲ့တော့ရှင်သန်လိုက်ပါဗျာ

commentinfo By: nayminarkar at May 16, 2010
Comment #5

တိုတိုကြီးက …. ဘ၀ သမားပေါ့ ဟုတ် ……

commentinfo By: meezin at Jun 18, 2010
Comment #6

ဘ၀……….ဘ၀…….ဒီလိုနဲ့………..ဒီလိုဘဲ………… ဒီဘ၀မှာတော့………နှမလက်လျော့……..နေလေတော့ 🙁

commentinfo By: lapyaewun at Aug 16, 2011
Comment #7

ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကြပါစေ

commentinfo By: hninhninoo at May 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment