Professional Authors

ပြုံးပါ ~~~~~~~ :)

စိတ္တဇ တွေထမ်းထားတယ်

အတ္တမရှိဘူးငြင်းကာ အတ္တတွေရင်နဲ့အပြည့် ထည့်ထားတယ်

မျက်လုံးစုံမှိတ်ပြီးယုံခဲ့တာတွေများတော့ ခွဲခြားဖို့အားနည်းပြီ

ဘာလို့လဲ ~~~ ဘာလို့လဲ

မေးရင်း ~~~ မေးရင်း

အသိခေါက်ခက် အ၀င်နက်လှပြီ

ကြည့်ပါဦး ~~~ ကိုယ်ကလွဲရင် အဆင်ပြေလို့

ကြည့်ပါဦး ~~~ ကိုယ်ကလွဲရင်ပျော်လို့ ၊ မော်လို့

အဆင်မပြေတာတွေများတော့

ကျတဲ့စိတ်ကို မာန်သွင်းကာ

ဖြူစင်ခြင်း အလံထူထားတယ်

စိတ္တဇကိုတော့ ထမ်းထားတုန်း

သေချာပါတယ် “ နေတတ်ရင် အမြဲတမ်းပြုံးနိုင်တယ် ”

ငါကလေ မပျော်လဲ ပြုံး

ငါကတော့ ပျော်လဲပြုံး

အရှုံးတွေ ထပ်လာလဲ ပြုံးမြဲပြုံး

အနိုင်ဖြစ်လာလဲ ပြုံဆဲပဲ

 

ငါ့အတွက်တော့ “ဘ၀” ဆိုတာ “ သေတ္တာ ”လွတ်တစ်လုံးလိုပါပဲ

ထည့်သမျှ ဆံ့သလောက်တော့ နေရာရသွားမယ် လေ ။

ဒါ့ကြောင့်ထင်ပါရဲ့

သေတ္တာလေးထဲ “ အပြုံး ” တွေပဲသွတ်သွင်းလိုက်တယ်

ပြုံးစမ်း ~~~ ပြုံးစမ် ~~~~ ပြုံးလိုက်စမ်းပါ ( အတည်တကျ )

မြင်ချင်တာကလဲ ဟောဒီ့ ကမ္ဘာပေါ်မှာ အပြုံးတစ်ခုပါပဲ ကွာ ~~~~ ( အမြဲဆိုပါတော့ )

In: ကဗျာ Posted By: Date: Oct 2, 2011
Comment #1

အတ္တမရှိဘူးငြင်းကာ အတ္တတွေရင်နဲ့အပြည့် ထည့်ထားတယ်

မျက်လုံးစုံမှိတ်ပြီးယုံခဲ့တာတွေများတော့ ခွဲခြားဖို့အားနည်းပြီ

ဘာလို့လဲ ~~~ ဘာလို့လဲ

မေးရင်း ~~~ မေးရင်း

အသိခေါက်ခက် အ၀င်နက်လှပြီ

commentinfo By: May Kha at Oct 2, 2011
Comment #2

နေတတ်ရင် အမြဲတမ်းပြုံးနိုင်တယ်
မှန်တယ် မှန်တယ် အားပေးသွားတယ်။

commentinfo By: X - ray at Oct 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment