Professional Authors

တစ်ယောက်ထဲအတွက် .. ( FOR ZMMC )

ကို့ရဲ့ လက်နှစ်ဖက်နဲ့ ကမ္ဘာကို မစိုးမိုးနိုင်ပေမယ့်

ချစ်သူရဲ့ ကျောပြင်ကိုတော့ အကြင်နာဆုံးပွေ့သပ်

ဂွမ်း တစထက် နှူးညံ့စေရပါမယ်။

 

ကမ္ဘာကြီးကို ထမ်း ပိုးနိုင်လောက်တဲ့စွမ်းအားမရှိပေမဲ့

နေ့ တွေနဲ့ ရည်တွက်ပြီးစုထားတဲ့ 

လေးလေးလံလံ အချစ်တွေ

ချစ်သူကို ပေးဖို့  ရင်ဘတ်ထဲမှာ ထမ်းထားလေရဲ့ ။

 

မြန်မာ့သမိုင်းမှာရှိတဲ့ အချစ်ရဲ့သူရဲ ကောင်းတွေ

လက်ချိုးရည်တွက်လို့ရတဲ့  အထဲတော့ ကိုမပါပေမဲ့

ချစ်သူရဲ့  ရှေ့ကရပ် အရဲရင့်ဆုံးသူတစ်ယောက်တော့ ဖြစ်စေရပါမယ် ။

 

စောင့်နေပါချစ်သူ နေပူတဲ့ နေ့ လေးတွေမှာ

ချွေးနဲ့ အတူ တစ်မောတစ်ပမ်းစောင့်နေရပေမဲ့

ကိုပေးမဲ့ အချစ်ရိပ်ထဲ

တသက်စာနားခို စေတော့

ကို့ရဲ့နှလုံးသားသည် .. ချစ်သူအတွက်ပဲဖြစ်စေရပါမယ် ။

In: ကဗျာ Posted By: Date: Sep 28, 2011
Comment #1

အားပေးသွားတယ် … ကိုလူဆိုးရေ

commentinfo By: မာလာ at Sep 29, 2011
Comment #2

ကျေးဇူးတင်ပါတယ်ညီမငယ် .. 🙂

commentinfo By: chityellusoelay at Sep 30, 2011
Comment #3

ကောင်းတယ်ဗျာ ကဗျာလေးက
မိုးစက်ခံစားချက်နဲ့ တစ်ထပ်ထဲပါပဲ……။
ကို့ရဲ့ လက်နှစ်ဖက်နဲ့ ကမ္ဘာကို မစိုးမိုးနိုင်ပေမယ့်

ချစ်သူရဲ့ ကျောပြင်ကိုတော့ အကြင်နာဆုံးပွေ့သပ်

ဂွမ်း တစထက် နှူးညံ့စေရပါမယ်။
ဆိုတဲ့အပိုက်လေး အရမ်းကြိုက်တယ်
အားပေးပါတယ် { မိုးစက်ခြွေ }

commentinfo By: moesathcwe.ma at Oct 18, 2011
Comment #4

promise naw

commentinfo By: ei lay at Oct 25, 2011
Comment #5

သူငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်နော် …. :}

commentinfo By: chityellusoelay at Nov 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment