Professional Authors

ပေးဆပ်ကြေကွဲခြင်း

 

ငါ့အတွေးလှိုင်း ရိုက်ခတ်လို့

တောင်ပံခတ်လည်း မေတ္တာလှိုင်းသံက

ငါ့ရင်မှာ ရေစီးကြောင်းပမာ

သံယောဇဉ်တွေ ဖိတ်စာပို့လို့

ငါ.. မင်းကို ချစ်ခဲ့မိပေါ့..။

 

 

ချစ်သူသရုပ်ကို ခွဲစိတ်ဖို့

ဓာတ်ခွဲခန်းဝင်ရင်း ဆရာဝန်လုပ်ခဲ့ပေမဲ့

နှလုံးသားကို ခွဲစိတ်ဖို့တွက်တော့

သရုပ်မထုတ် အဖြေမဲ့ခဲ့တာ

ငါ….မင်းကို ချစ်မိလို့ပါ..။

 

အဖြေမရှာ မရေမရာ

နှလုံးသားကို အဖြေရှာကြည့်ပြန်တော့

ဗေဒါပျံပန်း ရေမျှောသလို

မသေခြာခဲ့တာ မင်းကို ချစ်လို့ပေါ့..။

 

အချစ်ကို အဖြေရှာလို့

အတွေးဝင်ခဲ့ပေမဲ့ မရေရာ

သမုဒယတောမှာ ငါ့နှလုံးသားကို

မေးကြည့်မိတော့ မင်းကိုချစ်လို့ပေါ့..။

 

အချစ်ကို ပုံနှိုင်းပြီးတော့

ပြောရရင်ဖြင့် ချစ်သမိုင်းတွေလည်း

ငါ့နှလုံးသားက ချစ်ခြင်းနှိုင်းရင်

ပမာသဲပွင့်လို ဖြစ်သွားမှာတောင်စိုးမိတယ်..။


တကယ်တမ်းတော့ ငါ့ချစ်ခြင်းမေတ္တာတွေဟာ

မင်းအတွက် ဥပမာစာမမြောက်သော

ကလေးအတွေးနဲ့ ချစ်ခြင်းတွေလို

မင်းထင်ခဲ့ရင်ပေါ့ ငါဟာ..ငါ့အတ္တနဲ့ ချစ်မိလို့ပေါ့…။

 

ကြေကွဲခြင်း လမ်းခုလတ်မှာ

ငါ့ချစ်ခြင်းတွေကို တန်ပြန်ခြင်းမရှိ

မင်း စွန့်ပစ်ခဲ့ရင် မင်းချစ်တဲ့ချစ်သူကို

အားပေးလို့ ဆက်ချစ်နေမှာ တကယ်ပါ..။

 

ငါ့ချစ်ခြင်းတွေက မင်းအတွက်တော့

ဘောင်မဝင် တရားမဝင်သော်လည်း

ချစ်ခြင်းဥပဒေကို မချိုးဖောက်ခဲ့တာ

ငါ…မင်းကို ချစ်ခဲ့မိလို့ပေါ့..။

 

ကံတရားအရ မင်းမေတ္တာအိပ်ယာထက်မှာ

ငါ့ချစ်ခြင်းတွေ ကျန်ထားခွင့်မရှိသော်လည်း

မဲဆန္ဒရွေးပွဲမှာ ငါ့နှလုံးသားကို

ပေးဆပ်လို့ မဲပေးခဲတာ မင်းကို ချစ်လို့ပါ..။

 

ဒါတွေဟာ ငါရဲ့မှန်ကန်သော

ရင်တွင်းဖြစ် ချစ်ခြင်းတွေပါ

ချစ်တက်လာအောင် မင်းသင်ပေးခဲ့လို့

ဒဏ်ရာတွေနဲ့ ကြေကွဲခဲ့ရပေါ့..။

 

သို့သော်….သို့သော်..

ရင်တွင်းဖြစ်ပုဝါစကို ဟန်ပါပါနဲ့

လက်မှာကိုင်တွယ်ရင်း နှလုံးသားက

ပူလောင်နေသော မီးတောင်ကို

ချေခွင်းလို့ မျက်ရည်မိုးတွေ

ငါမျက်ဝန်းအိမ်မှာ တသွင်သွင်စီးခဲ့ရပေါ့..။

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

 

In: ကဗျာ Posted By: Date: Sep 25, 2011
Comment #1

ကျွန်တော်..အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Sep 25, 2011
Comment #2

သို့သော်….သို့သော်..

ရင်တွင်းဖြစ်ပုဝါစကို ဟန်ပါပါနဲ့

လက်မှာကိုင်တွယ်ရင်း နှလုံးသားက

ပူလောင်နေသော မီးတောင်ကို

ချေခွင်းလို့ မျက်ရည်မိုးတွေ

ငါမျက်ဝန်းအိမ်မှာ တသွင်သွင်စီးခဲ့ရပေါ့..။
အားပေးသွားသည်

Comment #3

ကြကွဲခြင်း လမ်းခုလတ်မှာ

ငါ့ချစ်ခြင်းတွေကို တန်ပြန်ခြင်းမရှိ

မင်း စွန့်ပစ်ခဲ့ရင် မင်းချစ်တဲ့ချစ်သူကို

အားပေးလို့ ဆက်ချစ်နေမှာ တကယ်ပါ..။

really

commentinfo By: Daw Shwe A at Oct 4, 2011
Comment #4

ချစ်သူသရုပ်ကို ခွဲစိတ်ဖို့

ဓာတ်ခွဲခန်းဝင်ရင်း ဆရာဝန်လုပ်ခဲ့ပေမဲ့

နှလုံးသားကို ခွဲစိတ်ဖို့တွက်တော့……ကြိုက်မိပါ၏

commentinfo By: sharon myorr myor at Nov 1, 2011
Comment #5

ကျေးဇူးပါ ရှာရမ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment