Professional Authors

ဝေးလွင့်ခြင်းအတွေးအိမ်

 

မနေ့ကအတိတ်ကို ဒီနေ့ပစ္စုပ္ပန်နဲ့

တာဝန်ပေးအပ်ရင်း အနာဂါတ်ခရီးတွေကို

ကျော်ဖြတ်ဖို့တွက် ပြင်ဆင်နေသော

ငါ့အတိတ်က လုပ်ဆောင်ချက်တိုင်းကို

အခြေခံလျက် အုတ်မြစ်ချထားသော

ငါ့ခရီးတွေကို ချိုးဖောက်လို့ဝင်ရောက်ခဲ့

ငါမသိလိုက်သော ပစ္စပ္ပုန်ရေးဆွဲချက်တွေကို

ငါ့အုတ်ခုံအတွင်းက မရေရာသလို

အခိုးခံရလို့ တရားခံတွေကို

စစ်ဆေးကြည့်လိုက်တော့ မနေကအတိတ်ခေါင်းဆောင်

မင်းကို ငါတွေ့ခဲ့တယ် အခုတော့ ငါလက်ထဲက

အကြွေးတင်နေတဲ့ ငါ့မေတ္တာဈေးပွဲတော်မှာ

လျှော့ဈေးကောင်းကောင်းနဲ့ ရောင်းချဖို့ရန်

ပြင်ဆင်နေဆဲ ငါ့ပစ္စပ္ပုန်ကို အခိုးခံလိုက်ပြန်တယ်

ငါ့တရားကို အတွေးအိမ်မှာ ဖမ်းပိုက်လို့

အကျည်းထောင်ဆန်သော ငါ့နှလုံးသားမှာ

လှောင်အိမ်တံခါဖွင့်လျက် ချစ်ခြင်းသဘောကို

ငါ..မင်းရှေ့မှာ သိခဲ့ရတာ နောက်ကျသွားခဲ့ပြီ..

အနာဂါတ်ဝတ်ဆံကို ကေသာထက်မှာ

ပန်းထိုးဖို့ အတိတ်နိမိတ်တွေလည်း ပေါ်ခဲ့ပြီးလေ..

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 24, 2011
Comment #1

ကဗျာတွေ..အားလုံးကောင်းတယ်ဗျ။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment