Professional Authors

ကျွှန်မရဲ့  အတတိတ်မှာ ရှင် နေခဲ့ပါ

သုံးနှစ်သုံးမိုးလုံးလုံး….
အလွမ်းတို့စိုက်ပျိုး
ဖောက်ပြားခြင်းတို့ရိုက်ချိုးထားခဲ့…..

ရှင် မသိတက် နားမလည်
သစ္စာဆိုတဲ့ စကားကိုသာ
ရှင့် စိတ်နဲ့နှိုင်း အမြဲလိုလို လှောင်ရယ်….
အဲလို မခနဲ့ပါနဲ့
ခံစားရတဲ့ ကျွန်မ….ခဏခဏ ကမ္ဘာပျက်တတ်တယ်…။

ထင်ကောင်းထင်နိုင်ပါတယ်
ရှင့်လို အသွင်သဏ္ဍန် တချို့နဲ့..။
ဒါပေမယ့် ရှင် မစွပ်စွဲပါနဲ့
ကျွန်မမှာလည်း ရှင်အထင်သေးထားတဲ့ မာနတချို့ ရှိတယ်…။

ချစ်လို့ နာခံလွယ်ခဲ့တဲ့ ကျွန်မကို
ငနုံ ငအ လို့မထင်ပါနဲ့
မျက်စိကို စုံမှိတ်ခဲ့တာ လွန်ခဲ့တဲ့ ၂၀၀၈ ကတည်းကမို့
ဘာမှမဟုတ်တဲ့ မိန်းမတစ်ယောက်လို
ရှင့်အတွေးတချို့က အကျင့်တွေပါနေတာပါ…။

ကျွန်မ ဘာ့ကြောင့်မှ မမျှော်လင့်တော့ပါဘူး
ကျိန်စာသင့်ခဲ့သလို …….
ဇာတာခပ်ညံ့ညံ့တွေနဲ့
ဘယ်လောက်ချစ်ပြ ချစ်ပြ……ရှင် အကောင်းမမြင်ခဲ့တဲ့အခါ
ကျွန်မဘ၀ သေရတာထက် နာတယ်….။

ဘယ်အခါ ဘယ်ဒေသမှာမှ….
ခင်တွယ်ရာကို အာရုံမထားနိုင်ခဲ့
ရှင် မှ တစ်ပါး……ကျွန်မရင်ခွင်ထဲမှာ တခြားသူမရှိခဲ့….။

ရင်ခွင်က အစစ်အမှန်တွေနဲ့
ဒီစာ ဒီကဗျာတွေဖွဲ့
ရှင်သည်သာ နှလုံးသားမဲ့တဲ့သူမို့
ကိုယ်ချင်းမစာ….အပိုစကားတွေပါလို့……..ရှင် သတ်မှတ်ခဲ့တယ်ဆိုရင်…..
ဒီ့ထက်ပိုပြီး ချစ်ပြနိုင်ဖို့က
ကျွန်မရဲ့ ကိုယ်ပိုင်ရပ်တည်မှုတွေကြောင့် အဆုံးအစမဲ့ ကြာရှည်နေဦးမယ်….။

ရှင် ၀မ်းသာနိုင်ပါတယ်…။
ရှင့်ကို လွမ်းနေမယ့်သူတစ်ယောက်
ဒီလောကမှာ အစအနပျောက်ကွယ်ခြင်းအတွက်………။

ရှင့်ကို
ဒီတစ်ဘ၀စာ…..
ကျွန်မရဲ့ အတိတ်မှာပဲ…….ထားခဲ့
ဒီအချိန်က စ လို့…..ကံကောင်းခြင်းတချို့ ကျွန်မဆီ လာမိတ်ဖွဲ့တော့မယ်….။     ။

အလွမ်း(ကေသရီ)


In: ကဗျာ Posted By: Date: Sep 22, 2011
Comment #1

အရမ်းကောင်းတဲ့ကဗျာလေးပါဗျာ…
လေးစားပါတယ်…
ခံစားချက်တွေကို…ကိုယ်ချင်းလဲစာပါတယ်
အားလည်းပေးသွားပါတယ်ဗျာ…။

commentinfo By: ကြယ်စစ်သည် at Sep 22, 2011
Comment #2

ဖတ်ပြီးတော့ အရမ်းခံစားရပါတယ် မိန်းကလေးချင်းမို့ ကိုယ်ချင်းလည်းစာတယ် ထပ်တူနာကျင်ရပါတယ်..

commentinfo By: black cloud at Sep 22, 2011
Comment #3

ကျွန်မ ဘာ့ကြောင့်မှ မမျှော်လင့်တော့ပါဘူး
ကျိန်စာသင့်ခဲ့သလို …….
ဇာတာခပ်ညံ့ညံ့တွေနဲ့
ဘယ်လောက်ချစ်ပြ ချစ်ပြ……ရှင် အကောင်းမမြင်ခဲ့တဲ့အခါ
ကျွန်မဘ၀ သေရတာထက် နာတယ်….။

ကေရေ..အရမ်းကောင်းတယ်….ဗျာ…အဲဒါထက်တောင်ပိုနေသေးတယ်

commentinfo By: အသဲကွဲမိုး at Sep 23, 2011
Comment #4

ဒီအချိန်က စ လို့…..ကံကောင်းခြင်းတချို့ ကျွန်မဆီ လာမိတ်ဖွဲ့တော့မယ်….။ ။

commentinfo By: HEROSMITH at Sep 23, 2011
Comment #5

ဘယ်အခါ ဘယ်ဒေသမှာမှ….
ခင်တွယ်ရာကို အာရုံမထားနိုင်ခဲ့
ရှင် မှ တစ်ပါး……ကျွန်မရင်ခွင်ထဲမှာ တခြားသူမရှိခဲ့….။
အားပေးသွားပါတယ်

Comment #6

goodတယ်ဗျာ။ကံကောင်းခြင်းတွေလာမိတ်ဖွဲ့တော့မယ်ဆိုတာ..
တော်2ကောင်းတယ်။စာသားလေး…..ဆန်းတယ်။

commentinfo By: poem.poem28 at Sep 24, 2011
Comment #7

ဟုတ်တယ် ရဲမင်း ရဲ့
ကံကောင်းခြင်းတွေ တော်တော်ပတ်လည်ဝိုင်းနေပြီ….:P
ကဗျာလေးကို အားပေးတဲ့ သယ်ရင်းတွေကိ ဒီက ကျေးဇူးအထူးတင်ရှိပါကြောင်း……

commentinfo By: အလွမ်း at Sep 29, 2011
Comment #8

nin lo myo khan sar tat chin de,
ngar a twat lone wa ma pyit naing bu.nin ka ngar ye a shin ta khin par.

commentinfo By: ei lay at Oct 28, 2011
Comment #9

အရမ်းကောင်းပါတယ်အမ၇ယ်…

commentinfo By: sisi at Oct 28, 2011
Comment #10

ဒီကဗျာလေးကို ကေရေးထားတာ သဘောကျလို့ မှတ်မိနေတာ… ဒီနေ့ women world ဖတ်တော့.. လမင်းခင်ဆိုတဲ့ နာမည်နဲ့ ပါလာလို့ .. ကေ့ ကိုမေးတော့.. သူမဟုတ်ဘူးတဲ့…….
သူများကဗျာကို ကူးပြီး ကိုယ့်ဟာလို လုပ်ထားတာက မကောင်းပါဘူး…. angle လို့ လည်း ထည့်ထားပေမယ့် စာရေးတဲ့သူမသိပဲပါလာတာက ဘယ်လို တွေးကြည့်လို့မှ အဆင်မပြေပါဘူး။။။
နောက်တချက်ကလည်း လမင်းခင်ဆီမှာ သူများရေးထားတဲ့ကဗျာကို ကိုယ့်စိတ်ကြိုက်ပြင်ဆင်ပြီး ကိုယ့်နာမည်နဲ့ women world မှာထည့်သင့်ရဲ့လား…
ဒီလိုသာဆိုရင် ကဗျာတွေ၊စာတွေတင်ထားတာက တခြားဘယ်သူမဆို စိတ်ကြိုက်ယူပြီး ရောင်းစာနေကြတော့မှာလား…
ကျွန်မက ကဗျာလည်း မရေးတတ်ပါဘူး… စာတွေလည်း share လုပ်လေ့လုပ်ထလည်းမရှိပါဘူး..
ဘယ်လို comment ရှိရှိ ကျွန်မဆီကို email ပို့လို့ရပါတယ်.. [email protected] ပါ.. ကြိုဆိုပါတယ်…

commentinfo By: amara myat at Feb 13, 2013
Comment #11

ဂလိုလား။ ကျွန်တော်က မ ကေ ရေးတဲ့ကဗျာတွေစုံအောင်မဖတ်ဖူးတော့မသိဘူးဗျ။ အစ်မပြောမှသိရတာ။

commentinfo By: အရိပ် at Feb 13, 2013
Comment #12

ကေ့ exboyfirend ကြောင့် ကလောင်၂ ခုခွဲထားပေမယ့် အလွမ်းလည်း ကေ ကေသရီလည်း ကေပါပဲ ဆိုတာ မိုး နဲ့ ရဲမင်း အသိဆုံး…..
ပြီးတော့ ဒီအကောင့်ကို ဖွင့်တဲ့ Real Name က Angle ဆိုပေမယ့် Profile မှာ Edit ၀င်လုပ်ပီး အလွမ်း လို့ ပြောင်းထားတာ…. ဆိုဒ်က ဘာဖြစ်မှန်းမသိဘဲ အလွမ်းကနေ ပြန်ပြီး Angle ဖြစ်တယ်… ပြီးတော့ ကေသရီ ဆိုတဲ့ နာမည်ကလည်း Kaythari ဖြစ်သွားတာ
ဒါပေမယ့် ၂ ခုလုံးရဲ့ Fb link ကတော့ Profile မှာ အတူတူပါပဲ…..။
ခု မလမင်းခင် လုပ်ပုံက အရမ်းကို သေးသိမ်လွန်းပါတယ် ဒါ သူများရဲ့ဝါသနာကို သူ့ရဲ့ ၀င်ငွေတစ်ခုအဖြစ် အသုံးချလိုက်တာပါပဲ….။

commentinfo By: ကေသရီ at Feb 13, 2013
Comment #13

နာမည်ကတော့ ကျွန်တော်လည်းပြောင်းလွှိုမရဘူး မကေ။ ပြောင်းနေတာ အခါတစ်ရာမကတော့ဘူး။ ဆိုက်က ကျွန်တော့်ကိုပိတ်ထားတယ်ထင်နေတာ။ မကေပါမရတာဆိုတော့ တစ်ခုခုပဲဗျ။

commentinfo By: အရိပ် at Feb 13, 2013
Comment #14

ဟုတ်တယ် အရိပ်ရေ
ဘယ်လိုပြောင်းပြောင်းကိုမရတာ

commentinfo By: ကေသရီ at Feb 14, 2013
Comment #15

နှစ်သက်ရသော…..

commentinfo By: n$n at Feb 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment