Professional Authors

….GAME…

 

လက်တစ်ချက်ကွေးလို့ မောင်းကိုဖြုတ်ချလိုက်တာ

ဖြန်း ခနဲပဲ….

ဆက်ပစ်ဦးလေ.. အဲဒီနှုတ်ခမ်းထက်က သတ်မှတ်ချက်ကျည်ဆံတွေ

ငါ့ဘယ်ဘက်ရင်အုံကနေ တစ်ဝကြီးကို နားထောင်လိုက်ဦးမယ်..

သစ္စာတဲ့လား အချစ်မပါဘဲနဲ့တောင်တည်ဆောက်ထားတာ

နင်နဲ့ငါ လျှောက်တဲ့ဒီလမ်းမှာ အဲဒီစကားယောင်လို့တောင်မဟနဲ့

မင်းလုပ်တော့ကောင်းတယ် မင်းရှင်းတော့လွယ်တယ်…

ငါက မင်းထက်တစ်ကွက်ပိုဦးခဲ့တာလေ…. အောင်နိုင်သူအပြုံးမျိုးနဲ့

ကျေကျေနပ်နပ် ရှုံးလိုက်စမ်းပါ…. ငါမပြောရင် မင်းသိမှာတောင်မဟုတ်ဘူး..

အဲတော့ ငါလဲ မင်းကျည်ဆံနဲ့သေ…

မင်းလဲ နောင်တတရားနဲ့နေ…….။

In: ကဗျာ Posted By: Date: Sep 18, 2011
Comment #1

ဆက်ပစ်ဦးလေ.. အဲဒီနှုတ်ခမ်းထက်က သတ်မှတ်ချက်ကျည်ဆံတွေ

ငါ့ဘယ်ဘက်ရင်အုံကနေ တစ်ဝကြီးကို နားထောင်လိုက်ဦးမယ်..

commentinfo By: May Kha at Sep 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment