Professional Authors

^%^ သတိ – ခေါင်းကိုက်တတ်သည် ^%^

^%^ သတိ – ခေါင်းကိုက်တတ်သည် ^%^

ခေတ်ကခေတ်မမှီတော့လို့ဆိုပြီး


ဒီခေတ်ကြီးထဲမှာခေတ်ထလိုက်သေးတယ်


အချိန်ရှိတိုင်းလို့လူတွေပြောပြောနေလို့


ရှိတဲ့အချိန်တွေတောင်လူတွေပါးစပ်ဖျားမှာ


ဖျားလို့နာလို့…


မရှိသေးတာကိုရှာဖွေဖို့အတွက်


ရှိပြီးသားအရာတွေကိုဖျောက်ဖျက်ပြစ်လိုက်ရမှာလား


ပြောချင်တာတွေကိုပြောပြဖို့အတွက်


ငါ့ဆီမှာ လုံလောက်တဲ့နာမ၀ိသေသနမရှိဘူး


ဟေ့ဖိုးလမင်းကြီး 


ခင်ဗျားကကိုယ့်အလင်းရောင်နဲ့ကိုမတောက်ပနိုင်ပဲနဲ့


ဘာလို့ငါ့ကိုအေးမြမှုတွေလာလာပေးနေရတာလဲကွ


ဘာမှန်းမသိတော့ညာမှန်းလဲမသိတော့ဘူးလေ


မထူးမှတော့ဘယ်ခြားတော့မလဲ


သင့်ကိုသင် သင်ဟုတ်တယ်လို့ သတ်မှတ်ထားရင်


ဒီလိုခေတ်ကြီးထဲမှာ ဒီလိုကဗျာမျိုးဖတ်ရတာ


ခေါင်းနဲနဲမူးသွားတယ်ဆိုရင်ပဲ တန်တယ် ။   ။

 

ဒီလူ(တောင်တွင်းကြီး)

In: ကဗျာ Posted By: Date: Sep 17, 2011
Comment #1

mike de
100% right.

wait,,
a yaung tway htwak aung loak like ong me.

commentinfo By: ei lay at Sep 18, 2011
Comment #2

ထူးမှတော့ဘယ်ခြားတော့မလဲ

သင့်ကိုသင် သင်ဟုတ်တယ်လို့ သတ်မှတ်ထားရင်

ဒီလိုခေတ်ကြီးထဲမှာ ဒီလိုကဗျာမျိုးဖတ်ရတာ

ခေါင်းနဲနဲမူးသွားတယ်ဆိုရင်ပဲ တန်တယ် ။ ။

commentinfo By: May Kha at Sep 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment