Professional Authors

တေလေလေး.ရဲ့..ဗလာတေးသွား

ဘာမဆိုင်ညာမဆိုင်….
ကာရံတိုက်ပွဲ..နောက်….
နင်….ပြောင်းရွှေ့သွားခဲ့……
…………………………………
ငါ….မေ့သွား..လိမ့်မယ်…..
နင်..ထင်ရက်ခဲ့တယ်။

အဖြူရောင်လည်း..မဟုတ်ဘူး
အနီရောင်လည်း….မဟုတ်ဘူး
ဘာရောင်..ဘာဆေးမှမစွန်းတဲ့
ငါ့ရင်ဘတ်ထဲက…
နင့်အတွက်..
ဗလာရောင်..သံယောဇဉ်
အဆင့်…မမှီခဲ့ဘူး……..။

လူခင်သူခင်များ…တဲ့သူမဟုတ်ရင်
လူထင်…ကိုယ်ထင်..မပြရ၀ူး…တဲ့လား???
အတ္တမပါတဲ့…ခင်မင်မှု…မှာ
အထီးကျန်မဆန်ချင်တာ….
………………………………..
ငါ………………..
….မှား…နေ..ခဲ့လား???

နင်မလာတော့..ဘူး……
နင်..မရှိတော့ဘူး……..
………………………
နင်စိုက်တဲ့..အပင်…..
စုတ်ပဲ့..ကြွေကျ….မလှပရင်
အားလျော့..ချိနဲ့…မခံစားပါနဲ့
(ငါ)
ကိုယ်တိုင်..ရေလောင်းလို့…ပေါင်းသင်
ခရားကိုင်ကာ….အသွေးခြယ်..သ..ပါ့မယ်
ခုတော့
နင်
တံ…ခါး..ပိတ်လို့…
…………ကန့်..
……………….လန့်
……………………….ကာ…ချပြစ်ခဲ့တယ်။
…………………………………………………….

မထူးခြားတဲ့…
တွေ့…ဆုံ..ခြင်း..မျိုး…
မတွေ့ဆုံတဲ့အခါ….ထူး…..ခြား
ငါ……..
ရံဖန်ရံခါဆိုသလောက်တော့
တွေ့…ဆုံချင်မိတယ်……………

နင်ဖန်ဆင်းတဲ့…..မြေစိုက်ပင်နိမ့်များ
ငါ..ဆေးစပ်ကာခြယ်သ…
အလှအပတွေနဲ့..မွမ်းမံချင်သေးတယ်။

ရေဆေးဆီထိုးမပြတ်တဲ့
(ကျွန်တော်မိုး)
ငါ့..တေလေ….တေးသွား….ကာရံများ
………………မှာ…………………….
နင့်..လက်ခုပ်သံ…နား..စွင့်..နေမိတုန်း…ပဲ။

ဗလာရောင်….ကြိုး…စ..မှာ
ကိုးကွယ်..တိုင်တည်စရာ…မရှိ
ရိုးမယ်ဖွဲ့…ကာ..ညှိုးငယ်နေရတာမို့
…………………………………………..
ဖြတ်တောက်ကာ..မရက်စက်ပါနဲ့….
………………………………………….
ဗလာသက်သက်..အလွမ်းတို့..နဲ့..
နင်…လက်ကမ်း..လိုက်ပါ..တော့…လား
ငါ့သူငယ်ချင်း….
………………………..လေး ရယ်။

(နင့်ကို..ငါ..လွမ်း..လို့ပါ….)

In: ကဗျာ Posted By: Date: Sep 16, 2011
Comment #1

အားပေးနေပါတယ် မမ..။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Sep 16, 2011
Comment #2

လုလင် ထပ်မံ အားပေးသွားပါတယ်နော် ဒေါ်မိုး

Comment #3

ဗလာရောင်….ကြိုး…စ..မှာ
ကိုးကွယ်..တိုင်တည်စရာ…မရှိ
ရိုးမယ်ဖွဲ့…ကာ..ညှိုးငယ်နေရတာမို့
…………………………………………..
ဖြတ်တောက်ကာ..မရက်စက်ပါနဲ့….
………………………………………….

commentinfo By: jenny at Sep 16, 2011
Comment #4

နင်စိုက်တဲ့..အပင်…..
စုတ်ပဲ့..ကြွေကျ….မလှပရင်
အားလျော့..ချိနဲ့…မခံစားပါနဲ့
(ငါ)
ကိုယ်တိုင်..ရေလောင်းလို့…ပေါင်းသင်
ခရားကိုင်ကာ….အသွေးခြယ်..သ..ပါ့မယ်
ခုတော့
နင်
တံ…ခါး..ပိတ်လို့…
…………ကန့်..
……………….လန့်
……………………….ကာ…ချပြစ်ခဲ့တယ်။

commentinfo By: May Kha at Sep 16, 2011
Comment #5

ခံစားအားပေးလျက်

commentinfo By: mgchannaye at Sep 16, 2011
Comment #6

လူခင်သူခင်များ…တဲ့သူမဟုတ်ရင်
လူထင်…ကိုယ်ထင်..မပြရ၀ူး…တဲ့လား???
အတ္တမပါတဲ့…ခင်မင်မှု…မှာ
အထီးကျန်မဆန်ချင်တာ….
………………………………..
ငါ………………..
….မှား…နေ..ခဲ့လား???

commentinfo By: ရနံ့ at Sep 16, 2011
Comment #7

မထူးခြားတဲ့…
တွေ့…ဆုံ..ခြင်း..မျိုး…
မတွေ့ဆုံတဲ့အခါ….ထူး…..ခြား
ငါ……..
ရံဖန်ရံခါဆိုသလောက်တော့
တွေ့…ဆုံချင်မိတယ်……………

ဗလာသက်သက်..အလွမ်းတို့..နဲ့..
နင်…လက်ကမ်း..လိုက်ပါ..တော့…လား…
……………..
ကောင်းတယ် မိုးရာ ကဗျာလေးက ဆန်းတယ်….
အားပေးသွားပါတယ်…။

commentinfo By: ကေသရီ at Sep 16, 2011
Comment #8

ဟာ………ကဲ…
လက်ကမ်းလိုက်တယ်နော်……….။ဟဲဟဲ..
အားပေးသွားပါတယ်။ဘွားဘွားမိုး ရယ်။

commentinfo By: poem.poem28 at Sep 16, 2011
Comment #9

မိုးကို အားပေးတဲ့မောင်နှမများအားလုံးအထူးကျေးဇူးတင်လေးစားလျှက်ပါ

commentinfo By: အသဲကွဲမိုး at Sep 16, 2011
Comment #10

ဗလာရောင်….ကြိုး…စ..မှာ
ကိုးကွယ်..တိုင်တည်စရာ…မရှိ
ရိုးမယ်ဖွဲ့…ကာ..ညှိုးငယ်နေရတာမို့
…………………………………………..
ဖြတ်တောက်ကာ..မရက်စက်ပါနဲ့….
………………………………………….
ဗလာသက်သက်..အလွမ်းတို့..နဲ့..
နင်…လက်ကမ်း..လိုက်ပါ..တော့…လား
ငါ့သူငယ်ချင်း….
………………………..လေး ရယ်။

ကြိုက်တယ်ဗျာ……အားပေးသွားတယ်…..မကြီးမိုး..ရေ

commentinfo By: terry at Sep 17, 2011
Comment #11

ကောင်းပါ၏ တကယ် ကောင်းပါ၏

commentinfo By: ridd at Sep 17, 2011
Comment #12

lu htin ko htin pya lay…
pone pone nay hman ma ti…………..
htwak pyay nay hman ma ti…………..
shaung nay tar hman ma ti………..
nay ma kaung phyit nay hman ma ti…….
bar hman ma ti,,,nyar hman ma ti….

commentinfo By: ei lay at Sep 18, 2011
Comment #13

မိုးကဗျာလေးကိုအားပေးတဲ့အတွက်..ကျေးဇူးအများကြီးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Sep 18, 2011
Comment #14

အရမ်းကောင်းပါတယ်ဗျာ…..

commentinfo By: moehtetaung18 at Nov 18, 2011
Comment #15

အဖြူရောင်လည်း..မဟုတ်ဘူး
အနီရောင်လည်း….မဟုတ်ဘူး
ဘာရောင်..ဘာဆေးမှမစွန်းတဲ့
ငါ့ရင်ဘတ်ထဲက…
နင့်အတွက်..
ဗလာရောင်..သံယောဇဉ်
အဆင့်…မမှီခဲ့ဘူး……..။

အင်း ကျွန်တော့်ရဲ့ ဗလာကား ကို သွားသတိရတယ် ဖတ်နေရင်းနဲ့။ ဖတ်မိသမျှ အသဲကွဲမိုးရဲ့ ကဗျာတွေမှာ သံယောဇဉ်ကြီးကြီးမားမားတွေပဲ တွေ့နေရတယ်ဗျ။ တော်တော် အစွဲအလမ်းကြီးပုံပဲ။ မကောင်းဘူး မကောင်းဘူး အဲဒါ ကိုယ်ပဲ ခံစားရစေတဲ့အချက်ပဲ။ ဆရာလုပ်တာ မဟုတ်ဘူးဗျို့ ကိုယ်တွေ့မို့ ပြောတာ။ 😛

commentinfo By: ChIr0N at Dec 11, 2011
Comment #16

ဘိုးဘိုး မိုးထက် ကျေးဇူးပါ
..
ChIr0N ..ပြောတာ မှန်ပါတယ်…မိုးလည်းသိပါတယ်..သိသိကြီးနဲ့ပဲ……. :'(
ကျေးဇူးတင်ပါတယ်ဗျာ….ဝေဖန်ပေးတဲ့အတွက်

commentinfo By: အသဲကွဲမိုး at Dec 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment