Professional Authors

ဂျပန်ဟိုက်ကူကဗျာများ

Fura ike ya
Kawazu tobi komu
Mizu no olo. (Mastu Basho)
အိုင်အိုကြီးပါလား
အလိုရွှေဖား ခုန်ဆင်းသွား
ပလုံ ရေသံကြား။  (မစုအော ဗရှိုး)

Tabi ni yande
Yame wa kare-no o
Kake _ meguru. (Mastu Basho)
ခရီးမှာ မောလှပြီ
အိပ်မက်ရွက်ကြွေ တောတန်းဆီ
လှည့်လည် သွားနေမည်။ (မစုအော ဗရှိုး)

Kame no susuki
No ni aru gotoku
Yu-hi seri.(Ono rinka)
ပန်းအိုးစိုက်သစ်ပင်
ကွင်းထဲမှာလို လန်းဆန်းရှင်
ဆည်းဆာ နေရောင်လွင်။ (အိုနောရင်းက)

Yudachi ya
Hadaka de norishi
Hadaka uma. ( Kobayashi Issa)
မိုးဖွဲရွာတဲ့ အခါ
အင်္ကျီမပါ တတ်ကာစီး
မြင်းလည်း ကိုယ်လုံးတီး (ကောဘာသရှီအစ်ဆ)

Koga me sabi
Wakaba ni shinobu
Mukashi kana. (Miura Chore)
ရွှေအိုရောင် သံချေး
ရွက်နုလေးတွေ စိမ်းစိမ်းဝေ
ရှေးရှေးက ရက်တွေ။ (မိအုရ ကျောရ)

ဒါကတော့ ဂျပန်စစ်သားတယောက်ရဲ့
မြန်မာပြည်တွင်းက ဟိုက်ကူကဗျာလေးတချို့ပါ။

ရန်သူ့ လေယာဉ်ကွယ်
ရခိုင်ရိုးမ အမှောင်ဝယ်
တံငါ့ကွန်တိုင်ကြယ်။

ရန်သူ့ကျည်ဆန်မှာ
ထက်ပိုင်းကျိုးရ်ုလည်းနေရှာ
မြန်မာ့ ဂန္ဒမာ။

ရှမ်းကုန်းပြင်မြင့်မှာ
မြန်မာ့ ချယ်ရီပန်းလေးဟာ
အုတ်ဂူ ကန်တော့ရှာ။

(ဂျပန်စစ်ပြန် ဟာရာဒါရဲ့ နွေဦးနှင်းကျန်၊ အဖြူရောင်တောတန်းကဗျာစာအုပ်များမှ်)

In: ကဗျာ Posted By: Date: Sep 13, 2011
Comment #1

ကိုလမင်း…………ခုလိုလေ့လာခွင့်ရတာကျေးကျေူးပါ.
နောက်လဲဖတ်ရအောင်လို့တင်ပေးပါ..

commentinfo By: May Kha at Sep 13, 2011
Comment #2

ဟုတ်ကဲ့ ကြိုးစားသွားပါမယ်
ဟိုက်ကူကဗျာ ကိုချစ်တဲ့လူတွေများများ မွေးဖွားလာပါစေ………

Leave Comments

Name*

Email*
Website
Email me whenever there is new comment