Professional Authors

Someday We’ll Be Together

Someday We’ll Be Together

နေ့တွေညတွေ ကုန်လွန်သွားခဲ့လဲ

ဘာကြောင့် မင်း ထားရစ်နိုင်ခဲ့လဲ

ဘာကြောင့် ငါတို့အချစ် မတည်မြဲနိုင်ခဲ့လဲ

အခုလို မင်းထွက်သွားပြီးတဲ့နောက်

အမှတ်တရများစွာနဲ့ ကျန်ရစ်ခဲ့သူ

ငါ့မှာ မေးခွန်းများစွာနဲ့ အံ့သြမိဆဲ…။      


မဟုတ်သေးဘူး…

ဒါဟာ တို့နှစ်ယောက်ရဲ့

အဆုံးသတ် မဟုတ်သေးဘူး

တို့တတွေ အရာရာကို တည်ငြိမ်စွာ

ကျော်ဖြတ်နိုင်တဲ့ တစ်နေ့နေ့မှာ

မင်း ကိုယ့်ဆီ ပြန်လာမယ်လို့

ကိုယ် ယုံကြည်စွာ မျှော်လင့်မိနေဆဲ…။   


တို့နှစ်ဦးသား ဘ၀သစ်တစ်ခု

ပြန်လည်တည်ဆောက်ကြမယ်

နောက်ထပ် နှုတ်ဆက်စကားတွေ

မဆိုတော့ပဲ သက်ထက်ဆုံး

ရှင်သန်နေထိုင်ကြလိမ့်မယ်လို့

ကိုယ် ယုံကြည်စွာ မျှော်လင့်ဆဲပါ ချစ်သူ။

တစ်နေ့နေ့တော့…

အင်း… တစ်နေ့နေ့တော့

တို့နှစ်ဦး ပြန်ဆုံကြမယ်လေ…။   


ကံကြမ္မာရဲ့ ဆန်းကြယ်မှုတွေကြောင့်

တစ်နေ့နေ့ဆိုတာက…

ဒီနေ့လည်း ဖြစ်နိုင်ကောင်းရဲ့

ဘယ်လိုပဲ ဖြစ်လာပါစေ

မင်းရဲ့ အပြန်လမ်းကို

နွေးထွေးသော လက်များနဲ့

ကမ်းလို့ကြိုနေမယ် ပြေးလို့သာ

ပြန်ခဲ့ပါ ချစ်သူ           


မင်းဟာ ကိုယ့်အတွက်တော့

ဘ၀တစ်ခုဆိုတာထက်

 ပိုတယ် ပိုချစ်တယ်ဆိုတဲ့ …

ယုံကြည်ချက် ခိုင်မာစွာ

တို့နှစ်ဦး ရင်ထဲက တိမ်မြုပ် မေတ္တာကို

ပြန်လည် ဆန်းသစ်

မင်းစိတ်သဘောထားကို

ပြောင်းလဲပစ်နိုင်မယ်လို့

ကိုယ် ယုံကြည်ဆဲပါ အချစ်ရယ်           


တစ်နေ့နေ့တော့…

အင်း… တစ်နေ့နေ့တော့

တို့နှစ်ဦး ပြန်ဆုံကြမယ်လေ…             

                                        Demon

August Rush ရုပ်ရှင်ကားမှ ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်သော Someday သီချင်းအား ပြန်လည်ခံစားတင်ပြသည်။

In: ကဗျာ Posted By: Date: Sep 12, 2011
Comment #1

အားပေးသွားတယ်နော်

commentinfo By: mr.key28393 at Sep 12, 2011
Comment #2

arr pay khan sar twar par d

commentinfo By: ei lay at Feb 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment