Professional Authors

ဥတုမိုးရာသီ

 

 

ဥတုရာသီ ခါတော်မှီလို့

သံပြိုင်ဟစ်ကြွေး သံစဉ်လေးဖြင့်

နှလုံးသားမှာလည်း အေးခဲ့ပြီး မိုး…။

 

နွေရာသီ ကူးပြောင်းလို့

ရာသီအသစ် စနစ်သစ်ဖြင့်

ထွန်းချက်တွေလည်း ပြောင်းခဲ့ပြီး မိုး..။

 

နွေနယ်လွန်ကာ မိုးရောက်ရင်ဖြင့်

လယ်မြေပေါ်တွင် စိမ်းလန်းစိုပြေသော

စပါးများနှင့် ကောက်စိုက်ပျိုမေတို့

သီဆိုသံစဉ် သီချင်းများက

နှလုံးသား ဘဝင်ဟက်ကာ

ရိုးရာဓလေ့များ ခံစားခဲ့တာပါ မိုး…..။

 

ဆောင်းအကုန် နွေလွန်ပြန်တော့

ရောက်ဆဲရာသီ ဥတုမှာပင်

မိုးဦးဝသန် ငိုချလေသမျှ

ဒဏ်ရာတွေနဲ့ ရင်မှာတမ်းတ

မျှော်လင့်သမျှကို တံဆိပ်တပ်၍

နှလုံးသားမှာလည်း ငိုခဲ့ပြီး မိုး………။

 

နွေနယ်လွန်ခဲ့သော မိုးဦးအစမှာ

ဒဏ်ရာများစွာနဲ့ အကျည်းတန်ဆဲ

နှလုံးသားက လျိုဝှက်ချက်များ

စွဲချက်တင်ဖို့ ခြေလှမ်းကျဲကျဲနဲ့

အချစ်တရားခွင့်ကို ရောက်ခဲ့ပြီး မိုး…..။

 

အချိန်ကုန်လာမှ သိလာရသော

အသိတရားတွေနဲ့ ရင်မှာသိုဝှက်ကာ

ပုန်းခိုနေမယ် မထင်လိုက်နဲ့

နယုန်မှာပျိုး ဝါဆိုမိုးနှင့်

ဝါခေါင် တော်သလင်း ဒီသီတင်းမှာ

မိုးနှင့်အတူ အဖော်ပြုလို့

ထာဝရရင်မှာ နေချင်ခဲ့တာပါ မိုး….။

 

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Sep 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment