Professional Authors

ကျားဆပ်ကပ်တဲ့ဗျာ

ချစ်သူရေ
မင်းစကားကလည်း
ပေါ့လိုက်တာကွာ
ဟင်းမပါပဲ
ထမင်းစားရသလို
သွားတိုက်ဆေးမပါဘဲ
သွားပွတ်တံချည်း
သက်သက်နဲ့တိုက်သလို
ချစ်ပါတယ် ဆိုမှ
ကြိုက်လို့ပေါ့ကွ
ကြိုက်ပါတယ် ဆိုမှ
မြတ်နိုးလို့ပေါ့ကွ
အဲ့ဒီနောက်မှ
တမ်းတခြင်းတွေ
ယုယခြင်းတွေ
ဟိုဟာ တွေ
ဒီဟာတွေ တောင်ပါ သေးတယ်
တမျိုးမထင်နဲ့
သစ္စာတို့ မေတ္တာတို့ပြောပါတယ်
ချစ်တယ်လို့တော့
အဖြေပေး
အပြင်မှာ တွေ့ရမှာကို
ကြောက်သူ
နောက်လူတွေ
ရိပ်မိမှ ဖြင့် ဆိုတဲ့
စိုးရိမ် စိတ်ကြီးတကားကားနဲ့
ရုပ်ဆိုးလိုက်တာကွယ်
ချစ်တယ်ဆိုမှ
ချိန်းတောင် မတွေ့ရတဲ့ 
ငါ့ဘဝ
သနားစရာ
ကိုရီးယားမသာစစ်စစ်ပါကွယ်
အခုလည်း အမေက
သဘောမတူ လို့တဲ့
ဖြတ်ပါရစေတဲ့
နေပါအုံး
သူအမေက
ကျွန်တော်ကို
ဘာကြည့်ပြီး
သဘောမတူတာတုန်း
ဘာမှ ကြည့်လို့ မရပါဘူး
သူအမေက နယ်မှာလေ
တခါမှ မမြင်ဖူးတဲ့
သူ့သမက် ကို
အချိုးမပြေလို့တဲ့ ဗျ
ဆိုးလှ တဲ့
အခြေ
ဆိုးလှတဲ့
ကြမ္မာဗျာ
တခါမှ မမြင်ဘူးတဲ့လူတောင်
အချိုးမပြေလို့တဲ့
ကျွန်တော်အမေကိုတောင်
သနားလာပြီ
ဘာပဲဖြစ်ဖြစ်
ချစ်သူ
မင်းကျားကို မွေးပြီးမှတော့
မောင်းမထုတ်ပါနဲ့
ထုတ်တန်းတက်ကြိုးနဲ့တုတ်
ခါးပတ်နဲ့ရိုက်ပြီး
ဆပ်ကပ်သာပြစားပါတော့ဗျာ…………..။

In: ကဗျာ Posted By: Date: Sep 8, 2011
Comment #1

သိပ်မိုက်တဲ့ ကဗျာ လေးဗျာ။။
ချစ်သူရေ
မင်းစကားကလည်း
ပေါ့လိုက်တာကွာ
ဟင်းမပါပဲ
ထမင်းစားရသလို
သွားတိုက်ဆေးမပါဘဲ
သွားပွတ်တံချည်း
သက်သက်နဲ့တိုက်သလို
ချစ်ပါတယ် ဆိုမှ
ကြိုက်လို့ပေါ့ကွ
ကြိုက်ပါတယ် ဆိုမှ
မြတ်နိုးလို့ပေါ့ကွ
အဲ့ဒီနောက်မှ
တမ်းတခြင်းတွေ
ယုယခြင်းတွေ
ဟိုဟာ တွေ
ဒီဟာတွေ တောင်ပါ သေးတယ်
………………………………..
…………………………………

commentinfo By: gadounlay at Sep 8, 2011
Comment #2

he,,he,,,

commentinfo By: ei lay at Sep 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment