Professional Authors

ငါ့ရဲ့ည

ဖြစ်နိုင်မယ်ဆို နေနဲ့လကိုပါ
မင်းအခန်းမျက်နှာကျက်မှာ ချိတ်ဆွဲပေးချင်တာပါ။

ငါဟာငါ့သမိုင်းမှာကို
သုညဖြစ်နေသူမို့
မင်းဆီလှမ်းဖို့ဆိုတာ
ဆူးဒါးအပြည့်နဲ့ လှေကားထစ် ရာပေါင်းများစွာ။

ဒါပေမယ့် ကောင်မလေးရယ်…
ငါ နင့်ကိုချစ်တယ်။

ဒဏ်ရာကို ဒဏ်ရာလို့
မကြေငြာရဲခဲ့တဲ့ငါပါ…
မပြောနဲ့ကွယ် ငါသိတယ်…
ငါဟာကြောက်တတ်လွန်းခဲ့တယ်။

ကော်ဖီတစ်ခွက်နဲ့ ဖိနပ်ကြိုးတစ်စုံ
ဂစ်တာတစ်လက်နဲ့ စီးကရက်
တိုက်ဆိုင်မှုဆိုတဲ့ သက်ပြင်းအချက်ချက်
ခိုးဝှက်သွားတဲ့ဆု..
တစ်ချပ်ပဲလှန်တဲ့ဖဲလို…
ထပ်ခါတစ်လဲလဲ…
ငါရင်ဘတ်လဲ ကွဲပြီးရင်းကွဲ။

မေ့တော့လဲ မမေ့ချင်ပါဘူး
ဘာမှမဟုတ်တဲ့ အတိတ်ဆိုပေမယ်.
အဲဒီအတိတ်က အဆိပ်ပဲဖြစ်စေဦးတော့
ငုံထားမိရင်တောင် ထွေးမထုတ်ဘူး…
ချိုမြိန်လွန်းလို့ကွယ်။

အချိန်တိုင်းမှာ မင်းအသံ
နေရာတိုင်းမှာ မင်းမျက်နှာ
ငါ့ရဲ့အာရုံငါးပါးကို သိမ်းပိုက်ထားသူရေ…
မင်းနာမည်လေးက
ငါ့အရိုးပေါ်က ဆေးမှင်ကြောင်တစ်ခုပါ..
ထိုးထားမှန်းမသိ ထိုးမိခဲ့တာလေ။

လမ်းသစ်တွေကိုလျှောက်ဖို့ ကြိုးစားလဲ
ရင်ဘတ်အဟောင်းကိုသယ်ထားတဲ့
ခြေထောက်အဟောင်းတစ်စုံက
ဒီနေရာဟောင်းလေးဆီကိုပဲ ရောက်စေတယ်။

ငါနင့်ကိုအနိုင်မယူနိုင်သလို
အရှုံးလဲမပေးချင်ဘူးကွယ်…
လေးလံလွန်းတဲ့ အိပ်မက်တွေနဲ့
ခြေလှမ်းတိုင်းကို ဒဏ်ရာဖြစ်စေတဲ့ညတွေထဲက
ရုန်းမထွက်နိုင်ခဲ့တာ… နင့်ကြောင့်ဆိုတာ
နင် အမြဲမသိသလိုနေတယ်။

ရင်ဘတ်ကသွေးတွေ ခေါင်းထဲမရောက်ရင်ကောင်းမှာပဲလို့
ဆုတွေတောင်းလိုက်…
မျက်လုံးချင်းဆုံတိုင်း အသက်ရှုတွေရပ်လိုက်နဲ့…

မင်းမသိဘူးဆိုတဲ့ အချစ်ဆိုတာကို..
ငါ အခုထိ.. စာလုံးပေါင်းတွေမှားနေတုန်းပဲလေ… ။ ။

3. 8. 2002

In: ကဗျာ Posted By: Date: May 12, 2010  
Comment #1

ဒီကဗျာလေးကိုကြိုက်တယ်..
ခံစားပေးပါတယ်…

commentinfo By: Second Two at May 13, 2010
Comment #2

ရေးထားတာကောင်းပါတယ်တော်တော်ကောင်းပါတယ်။ကျွန်တော်လဲကြိုက်တယ်။
ကဗျာဆိုတာကဗျာဆရာရဲ.ခံစားမှုတစ်စိတ်တစ်ပိုင်းပါပဲ။ကျွန်တော်လဲမျှဝေပီးခံစားပေးပါတယ်။ကျွန်တော်ကဗျာလေးတွေကိုလဲဝိုင်းခံစားပေးပါဦး။

commentinfo By: naynyo23 at May 14, 2010
Comment #3

ချိုတဲ့အဆိပ် ကို ကျွန်တော်လည်း ကြိုက်တယ် အစ်ကို
တစ်သက်လုံး ထွေးမထုတ်တဲ့ အရာ လည်းဖြစ်တယ် ။

commentinfo By: fridayofpoem at May 20, 2010
Comment #4

မေ့တော့လဲ မမေ့ချင်ပါဘူး
ဘာမှမဟုတ်တဲ့ အတိတ်ဆိုပေမယ်.
အဲဒီအတိတ်က အဆိပ်ပဲဖြစ်စေဦးတော့
ငုံထားမိရင်တောင် ထွေးမထုတ်ဘူး…
ချိုမြိန်လွန်းလို့ကွယ်။

စောက်ရမ်းထိတယ် ဗျာ……

commentinfo By: ဒီလင်းအိမ် at May 20, 2010
Comment #5

comment တွေအတွက် ကျေးဇူးပါဗျာ။ ငယ်ငယ်က ရေးခဲ့တာလေး ကျွန်တော် အမြတ်နိုးဆုံး ကဗျာလေးပါ။

commentinfo By: NMT at May 20, 2010
Comment #6

အစ်ကို ကဗျာတွေ ရေးပါဦး
အစ်ကို့ ကဗျာတွေကို စောင့်နေပါတယ် . . . .

commentinfo By: fridayofpoem at Jun 7, 2010
Comment #7

လမ်းသစ်တွေကိုလျှောက်ဖို့ ကြိုးစားလဲ
ရင်ဘတ်အဟောင်းကိုသယ်ထားတဲ့
ခြေထောက်အဟောင်းတစ်စုံက
ဒီနေရာဟောင်းလေးဆီကိုပဲ ရောက်စေတယ်။
အဲဒီနေရာလေးကို အရမ်းကြိုက်တာဘဲ နောက်လဲရေးပါအုံးနော် အားပေးနေမယ် NMT

commentinfo By: အမရာ at Jul 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment