Professional Authors

မိုင်တစ်ထောင်

ငါ့ အတွက် ငါ

အဖိုးတန်တဲ့

ငါ့ အသည်းနှလုံးတစုံ

နင့် အတွက်

ဝက်ကလီစာလောက် အဖိုးမတန်တာ ငါရင်နာတယ်။။။။။။။။

 

ဈေးထဲ ပဲသွားရောင်းလိုက်ရမလို

နင့် အတွက်ကို အဖိုးတန်ချင်လို့ ။။။။။။။။။

 

ငါ့ အတွက် ငါ

တန်ဖိုးရှိတဲ့

မာနတစုံ

နင့် ခြေဖ၀ါးအောက် 

ပြားပြားမှောက်ရတာတော့ ငါ ခံပြင်းတယ်။။။။။။

 

တော်တော်များ များအတွက်

အဖိုးတန်တဲ့ ငါ

နင့် အတွက် မှ

အရှုပ်ထုပ်ဖြစ်ရတာ ငါ အသုံးမကျ တာလား။။။။။။။

 

ိဒီ ယုန် မြင်လို့

ဒီခြုံထွင်တဲ့ နင့်ကို

အလိုလို ခွင့်လွှတ်နေတာကို က

ငါ့အမှား။။။။။။။

 

နိယာ မ ……အဟက်

နင့် topic က နိယာမ ရဲ့

အပြင်ဘက် တစွန်းတစ ထွက်နေတယ်။။။။။

 

သုံးသပ် ဟာ

ပီးတော့ နင်ဆုံးဖြတ်

အပြုံးနဲ့ ပစ်ယုံလောက် တော့

ဒီတစ်ခါ ငါ ပြန်မလာဘူး ။။။။။။

 

မုန်းလို့ ဟုတ်ဘူး

နာနာ လာတဲ့

ငါ့ရင်ဘတ် ကို ငါသနားလို့

စာနာသွားတာ။။။။။။။

 

အပြစ်မတင် ဘူးနော်

နင်နဲ့ ဝေးရင်

အခြေ မခိုင်တတ်တဲ့ ငါ့ကိုငါ

ဆင်ခြင်လိုက်တာ။။။။။။။။။။။။။

 

ငိုငိုနေတဲ့ ငါ့

မျက်လုံးနှစ်စုံ နားပါစေဦးဟာ။။။။

 

နေတတ်နေပီ မထင်နဲ့

အချိန်ကျလို့နင့်ဖုန်းမလာရင်

မျှော်မျှော်နေတဲ့

ငါ့နားနှစ်ဖက် တခါလောက်တော့

relax ယူပါရစေ။။။။။။။

 

ပြင်ဆင် ..

နေထိုင်လို့

နေနိုင်အောင် ငါ

ခြေ ချနေတာ

နင်မပါတဲ့ ဘ၀ ခရီး

တသီကြီး သွားရဦးမှာ။။။။။။။

 

ချစ်လား မေးပါ

ငါမငြင်း ဘူး

ချစ်တုန်းပဲ

ချစ်ဆဲပဲ

ချစ်နေမှာပဲ၊၊၊၊၊

 

ဒါပေမဲ့

ခပ်ခွာခွာ နဲ့

ခပ်နာနာလေး

တဖြည်းဖြည်း

နင့် အနား ကရွေ့ေ၇ွ့ လေး……………

တဝေးဝေး

မိုင်တစ်ထောင်ချီခရီး အစပြုပီး။။။။။။။။။။။။။။။။။။

In: ကဗျာ Posted By: Date: Aug 23, 2011
Comment #1

နင့် အနား ကရွေ့ေ၇ွ့ လေး……………

တဝေးဝေး

မိုင်တစ်ထောင်ချီခရီး အစပြုပီး။။။။။။။။။။။။။။။။။။

လုလင် အားပေးသွားပါတယ်

Comment #2

ခပ်ခွာခွာ နဲ့

ခပ်နာနာလေး

တဖြည်းဖြည်း

နင့် အနား ကရွေ့ေ၇ွ့ လေး……………

commentinfo By: May Kha at Aug 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment