Professional Authors

အချစ်ရှိ၍ ချစ်မိသောငါ့အတွက်…….

မချစ်နိုင်တော့တဲ့ နင့်ကိုမှ
အချစ်တွေ ထပ်ပုံအော….
ငါ ပုံပြောကောင်းခဲ့သူ မဟုတ်ပါဘူး….။
 
စွန့်ပစ်ခံလိုက်ရခြင်းရဲ့ တစ်ဖက်တစ်ချက်မှာ
ငါ့ အသည်းတို့ ကြေမွ…..
နင်….တကယ် ခြွေချရက်ခဲ့တယ်…။
 
စိတ်တို့လေတဲ့အခါတိုင်း…..
ငါ့အပြစ်တွေရယ်ပါလို့ ပုံချ
စူးနစ်နေတဲ့ ကြင်ရာမဲ့ဘ၀တစ်ခုမှာ….
ငါဆိုတဲ့ မိန်းမ နင်အပြန်လာကိုပဲ စောင့်နေမိခဲ့….
စိမ်းရက်တဲ့လူ
အငြိုးထားတဲ့လူ…..
ဘယ်အခါမှ မထင်မြင်လိုခဲ့ပါ
နင်သည်သာ….ငါ့ ဗိမ္မာန်အတွက် အာဏာရှင်…
ဝေဒနာတွေ တစ်ပုံတစ်ပင်နဲ့မို့
တစ်ကြိမ်ပြန်လည် နိုးထမယ့် ငါ့နှလုံးသားအတွက်
နင် ဆိုတာကိုပဲ လိုအပ်ခဲ့တယ်….။
 
အချိန်အခါတွေထဲမှာ မှီတွယ်ရာမဲ့ခဲ့တာမဟုတ်ပေမယ့်
နင် မဟုတ်တဲ့ ဘယ်ရင်ခွင်ကိုမှလည်း
တပ်မက်မှုတွေ နတ္ထိမို့….
တောင်းဆိုမိခြင်းတချို့တချို့အတွက်လည်း….ငါတောင်းပန်ပါတယ်….။

အိပ်မက်လေးတစ်ခုမှာသာ ငါ အစပျိုး
သံယောဇဉ်ဆိုတဲ့ နှောင်ကြိုးက
ပတ်သတ်ဖူးသမျှ အရာရာမှာ
တော်တော် ဖြတ်တောက်ရခက်လွန်းတယ်…။
 
ဘေးဖယ်လို့မရနိုင်တဲ့ ခါးသီးမှုတွေအားလုံး
ချစ်ခြင်းအလုံးစုံနဲ့လဲလှယ်….
ငါ့နေကွယ်ချိန်ကျောခိုင်းရရင်တောင်
နင့်ကို မမုန်းတီးဘူးဆိုတာ ငါ အာမခံပါတယ်…။

သွယ်ဝိုက်နည်းတွေ မကွယ်မ၀ှက်ခဲ့ဘဲ
ပရိယာယ်တွေ မသုံးခဲ့ကြောင်း
နင်…သိမြင်လာတဲ့အခါ….
အချစ်ရှိ၍ ချစ်မိသောငါ့အတွက်…….
ခံစားချက်အနည်းငယ် ဝေမျှပေးပါ….

နင် ခံစားသော ထိုအရာ…..
ငါ့ အတွက် အမုန်းမပါစေဖို့ဆုတောင်း….
နင့်ရဲ့ အချစ်ဟောင်း ဖြစ်ဖူးတဲ့ ငါ….
“နင် ပြန်လာမှာလား” လို့…….
သိပ်မများနိုင်တဲ့ မျှော်လင့်ခြင်းတွေနဲ့…..
ခုချိန်တွေထိ…..
ကွယ်ရာမှာ….
ကံတရားကို မေးနေမိဆဲပါ….။

(ငါ နင့်ကို တကယ်ချစ်ခဲ့တာပါ)

အလွမ်း(ကေသရီ)

In: ကဗျာ Posted By: Date: Aug 20, 2011
Comment #1

……………………………………………..
ဘာမှပြောမထွက်..ခဲ့တော့ဘူးဗျာ….

commentinfo By: အသဲကွဲမိုး at Aug 20, 2011
Comment #2

excellent.
excellent.
excellent.

commentinfo By: ei lay at Aug 20, 2011
Comment #3

သိပါတယ်။အလွမ်း……..ရယ်……

commentinfo By: poem.poem28 at Aug 20, 2011
Comment #4

နင် ခံစားသော ထိုအရာ…..
ငါ့ အတွက် အမုန်းမပါစေဖို့ဆုတောင်း….
နင့်ရဲ့ အချစ်ဟောင်း ဖြစ်ဖူးတဲ့ ငါ….
“နင် ပြန်လာမှာလား”

အရမ်းကြိုက်ပါတယ် ဗျာ ။ အလွမ်း ရဲ.ကဗျာ တိုင်းက အရမ်းကောင်းတာပဲ…….

commentinfo By: n@Y mIN at Aug 20, 2011
Comment #5

ဝေဒနာတွေ တစ်ပုံတစ်ပင်နဲ့မို့
တစ်ကြိမ်ပြန်လည် နိုးထမယ့် ငါ့နှလုံးသားအတွက်
နင် ဆိုတာကိုပဲ လိုအပ်ခဲ့တယ်….။

commentinfo By: aphyu at Sep 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment