Professional Authors

ရင်ဝှက်စာ

ဘာကိုမှမပြောခဲ့တာကိုမှ လေအလွင့်မှာ ကြွေလွင့်သစ်ရွက်လိုပဲ နင်ခပ်ပေါ့ပေါ့တွေးလိုက်တာလား။ ဆုံးရှူံးမှာကိုကြောက်လို့  တစ်ခွန်းတစ်ပါဒနဲ့  မှ မငြိုငြင်စေခဲ့တာ ခုတော့ ငါ့အတွက်အဆိပ်တွေတဲ့လား။ မခူးရက်တဲ့ပန်းဆိုပြး တစ်ဖွဖွပြောရင်း တစ်ဖြည်းဖြည်းနင်းခြေသွားခဲ့တာကျတော့ နင့်ရဲ့  ကြင်နာခြင်းလို့  ဖွင့်ဆိုတယ်ပေါ့။ မိန်းမတစ်ယောက်တန်မဲ့ မိန်းမ မဆန်ခဲ့တဲ့ငါကပဲ အပြစ်ကြီးခဲ့တာပေါ့လေ။ ဒါဆိုရင်တော့ ထားပါ ထားပါ။ ငါ့အချစ်ကို နင်အဓိပါယ် မဖွင့်တတ်ခဲ့ဘူးဆိုတော့ ငါသိပ်ကို လေးနက်လွန်းအားကြီးသွားလို့  ထင်ပါရဲ့   ။ ထွက်သွားလိုက်တာ။ ပြန်မလာတော့ဘူး။ ငါတစ်မေ့တစ်မောကြီးကို ခွင့်လွှတ်ရင်းနဲ့  စောင့်နေတာကိုက ငါ့ကိုယ်ငါခွင့်မလွှတ်နိုင်တာ။ နေပါစေတော့လို့   ငါလဲပြောတတ်ချင်လိုက်တာ။ ဘယ်သူ့  ကိုမှ ငါ့ရင်ထဲက စာသားတွေသွားပြောပြလို့  မရဘူးဟာ။ နင်သိလား။ အားလုံးက ငါ့ကိုရူးနေတယ်လို့  ပဲ ပြောတယ်။ နင်လိုလူမျိုးကိုမှ ချစ်မိလို့   အပြစ်တင်တယ်။ ငါကတော့ သူတို့  ကိုပဲ အပြစ်တင်ချင်တယ်။ နင်ဘယ်လောက် ချစ်ဖို့  ကောင်းလဲ သူတို့ မသိပဲ ပြောတယ်။ ငါသူတို့  ကိုပဲ မုန်းလိုက်တယ်။ နေ့  ရက်တိုင်းမှာ နင်နဲ့  ပဲ အနားသတ်ထားချင်တာ။ ဟုတ်တယ်။ ငါတစ်ကယ်ကို နင်နဲ့ ပတ်သတ်တဲ့ နေ့  သစ်တွေဆီပဲ သွားချင်တာ။ တစ်ခါတစ်လေတော့လည်း ဟန်ဆောင်မေ့ထားကြည့်တယ်။ ငါကသိပ်ကို ဟုတ်လှပြီပေါ့။ ညံ့လွန်းခဲ့ပါတယ် ငါက။ ဘာအရာကိုမှ လွယ်လွယ်မတတ်ကျွမ်းတတ်တဲ့ ငါက ခုလဲ ဘာကိုမှ မလုပ်တတ်ပြန်ဘူး။ ဒါတွေကလဲ နင်မုန်းတာတွေထဲက တစ်ခုပေါ့။ အနည်းဆုံးတော့ နင်နဲ့  ပတ်သတ်တယ်ဆိုပြီး ငါဆက်ရူးနေပြန်တယ်။ နင့်ကိုမေ့ဖို့  ကြိုးစားရင်းပဲ ငါရင်တွေ မောမောလာတယ်။ မရတော့ဘူး။ ငါနင့်ကို သေလောက်အောင် မက်မောတယ်။ မဝေးချင်ဘူး။ မဝေးမပါရစေနဲ့  ။ ငါဒီလိုတောင်းပန်နေရင်းကနေပဲ နင်ထွက်သွားခဲ့တယ်။ ငါခုထိဘာကိုမှ နားလည်လို့  မရသေးဘူး။ ငါကိုယ်တိုင်ကနားမလည်ချင်တာလဲ ပါတာပေါ့။ ငါမောတယ် ချစ်သူ။ ပြီးတော့…. နင့်ကိုလွမ်းတယ်။

 

ကြက်ခြေခတ်X

 

 

In: ကဗျာ Posted By: Date: Aug 19, 2011
Comment #1

ရင်ဘတ်ထဲမှာ ၀ှက်ထားတဲ့စာ……

commentinfo By: moehtetaung18 at Aug 19, 2011
Comment #2

ကြတ်ခြေခတ်အတွက် ကြတ်ခြေမခတ်ရက်လို့ အမှတ်တွေပေးလိုက်တယ်။very good

commentinfo By: khayay at Aug 19, 2011
Comment #3

နင့်ကိုမေ့ဖို့ ကြိုးစားရင်းပဲ ငါရင်တွေ မောမောလာတယ်။ မရတော့ဘူး။ ငါနင့်ကို သေလောက်အောင် မက်မောတယ်။ မဝေးချင်ဘူး။ မဝေးမပါရစေနဲ့ ။ ငါဒီလိုတောင်းပန်နေရင်းကနေပဲ နင်ထွက်သွားခဲ့တယ်။ ငါခုထိဘာကိုမှ နားလည်လို့ မရသေးဘူး။ ငါကိုယ်တိုင်ကနားမလည်ချင်တာလဲ ပါတာပေါ့။ ငါမောတယ် ချစ်သူ။ ပြီးတော့…. နင့်ကိုလွမ်းတယ်။

commentinfo By: အသဲကွဲမိုး at Aug 19, 2011
Comment #4

ငါဒီလိုတောင်းပန်နေရင်းကနေပဲ နင်ထွက်သွားခဲ့တယ်။ ငါခုထိဘာကိုမှ နားလည်လို့ မရသေးဘူး။ ငါကိုယ်တိုင်ကနားမလည်ချင်တာလဲ ပါတာပေါ့။ ငါမောတယ် ချစ်သူ။ ပြီးတော့…. နင့်ကိုလွမ်းတယ်။

commentinfo By: May Kha at Aug 19, 2011
Comment #5

ဘာကိုမှမပြောခဲ့တာကိုမှ လေအလွင့်မှာ ကြွေလွင့်သစ်ရွက်လိုပဲ နင်ခပ်ပေါ့ပေါ့တွေးလိုက်တာလား။ ဆုံးရှူံးမှာကိုကြောက်လို့ တစ်ခွန်းတစ်ပါဒနဲ့ မှ မငြိုငြင်စေခဲ့တာ ခုတော့ ငါ့အတွက်အဆိပ်တွေတဲ့လား။ မခူးရက်တဲ့ပန်းဆိုပြီး တစ်ဖွဖွပြောရင်း တစ်ဖြည်းဖြည်းနင်းခြေသွားခဲ့တာကျတော့ နင့်ရဲ့ ကြင်နာခြင်းလို့ ဖွင့်ဆိုတယ်ပေါ့။

commentinfo By: raindrops at Aug 19, 2011
Comment #6

ခံစားချက်တွေကောင်းတယ်ဗျာ .. ငါမောတယ်ချစ်သူရယ် .. ပြီးတော့လည်းအများကြီးလွမ်းနေတယ် … 🙂

commentinfo By: chityellusoelay at Aug 19, 2011
Comment #7

really really nice..
really really nice.

commentinfo By: ei lay at Sep 13, 2011
Comment #8

super likeeeeeeeeeeeeeeeeeeee

commentinfo By: ei lay at Jan 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment