Professional Authors

နွေလွယ်အိပ်

နွေ……ရောက်ပြီလေ
စာတန်းထိုးပြလိုက်တော့….။
လွယ်အိပ်အနွမ်းကလေး နံရံမှာချိတ်
ကျောင်းတံခါးပိတ် ခေါင်းလောင်းသံလေးနဲ့
ကြိမ်လုံးဒဏ်လေးရဲ့ ခေတ္တအဝေးမို့
ဟိုရှေ့က ပိတောက်ပင်အိုလို
သူက ကလေးပြီပြီ ပျော်ရွှင်မှုတွေ သူဝေချင်နေပြီလေ။

“မိုးဆိုတာကိုယ်ရွာချင်တဲ့အချိန် မရွာတက်သလိုပဲ”

သူက နေ နဲ့လ ၊ ရွှေနဲ့မြ လို
မိဘ မျိုးက သန္ဓေတည်ခဲ့တာမဟုတ်တော့
၁၀ နှစ်သား ကလေးတစ်ရောက်ရဲ့
ပျော်ရွှင်ခုန်ပေါက်ချင်စိတ်ကို
အိမ်ရဲ့ ကြမ်းပေါက်တစ်ချောင်းမှာ
သူကလေးသွေးနဲ့ ဖာထေးရင်း…

လွယ်အိပ်အနွမ်းကလေး ၊ ပုခုံးမှာချိတ်
အိမ်တံခါးလေးပိတ် ၊ ခေါင်းလောင်းလေးတီးလို့
သူဆိုညီးတဲ့ သီချင်းနာမည်က “ရေခဲထုပ်” တဲ့လား…။
သူကလေး ရင်ထဲမှာတော့
နေလောင်ခံထားတဲ့ ပိတောက်ကိုင်းခြောက်လို
ခြောက်ကပ်နေလေရဲ့…။
(ဘ၀ဆိုတဲ့ နွေဟာ ကိုယ့်ရဲ့ အေးမြချင်တဲ့ စိတ်ကူးမှန်သမျှ
အရည်ပျော်ကြစေနိုင်တာပဲလို့
ဒီကလေးလေးတစ်ယောက် တွေးမိနေမလား…ပဲ)
မှတ်ချက်။ ။ (မိသားစု ၀မ်းရေးအတွက်ဖြည့်ဆည်းပေးနေရတဲ့ ကလေးငယ်လေးတစ်ရောက်အတွက်)

အငွေ့

In: ကဗျာ Posted By: Date: May 11, 2010  
Comment #1

ဒီနေ့ဖတ်ထားတဲ့ ကဗျာတွေထဲမှာ .. ဒီကဗျာအကြိုက်ဆုံးပဲ ..

ကျွန်တော်တို့က သက်တောင့်သက်သာနဲ့ နေထိုင်ခဲ့ရတာကိုတောင်မှ ငြူစူချင်ကြသေးတာ .. အဲဒီလို ကြီးပြင်းလာရတဲ့ဘဝသမားတွေကို အမှန်အကန် လေးစားပါတယ်

commentinfo By: Thet Twe at May 11, 2010
Comment #2

ဘ၀ဆန်တဲ့ကဗျာတစ်ပုဒ်ပါ။ ကလေးတစ်ယောက်ရဲ့တာဝန်ယူတတ်တဲ့စိတ်ဓာတ်ကိုရေးပြသွားတာပါ။ကြိုက်ပါတယ်

commentinfo By: blaclksky at May 16, 2010
Comment #3

ရုပ်ရှင် စကားနဲ့ ပြောလိုက်ရရင်
ဒရမ်မာ ဆန်ဆန်ပါပဲဗျာ..

Comment #4

လွယ်အိပ်အနွမ်းကလေး ၊ ပုခုံးမှာချိတ်
အိမ်တံခါးလေးပိတ် ၊ ခေါင်းလောင်းလေးတီးလို့
သူဆိုညီးတဲ့ သီချင်းနာမည်က “ရေခဲထုပ်” တဲ့လား…။
သူကလေး ရင်ထဲမှာတော့
နေလောင်ခံထားတဲ့ ပိတောက်ကိုင်းခြောက်လို
ခြောက်ကပ်နေလေရဲ့…။
(ဘ၀ဆိုတဲ့ နွေဟာ ကိုယ့်ရဲ့ အေးမြချင်တဲ့ စိတ်ကူးမှန်သမျှ
အရည်ပျော်ကြစေနိုင်တာပဲလို့
ဒီကလေးလေးတစ်ယောက် တွေးမိနေမလား…ပဲ)

commentinfo By: May Kha at Feb 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment