Professional Authors

တန်ဖိုး

ငါ့စိတ် ငါ့ကိုယ်

မပျက်မယွင်း တည်နေတာပဲ

နင်ရှိစဉ်တုန်းကလို…

ဒါမဲ့….

ပြောင်းလဲမှုက တစ်ခုထဲ

စိတ်တော့မရှိနဲ့ 

ငါသတ်မှတ်ခဲ့တဲ့

နင့်တန်ဖိုးဖက်မှာ

ချိန်ခွင်လျှာ

ပျောက်နေပြီ။

တမ်းတမနေနဲ့ 

နင်ပစ်ချခဲ့တဲ့

ငါ့တန်ဖိုးကို

လည်ပြန်လဲ လှည့်မကြည့်နဲ့ 

နင့်အတွက် ငါမဟုတ်တော့ဘူး။


မေသူ
 

In: ကဗျာ Posted By: Date: Aug 14, 2011
Comment #1

ပြန်အားပေးသွားပါတယ်ဗျာ။။။။။ချိန်ခွင်လျှာပျောက်နေတာလေးကို

Comment #2

တမ်းတမနေနဲ့
နင်ပစ်ချခဲ့တဲ့
ငါ့တန်ဖိုးကို
လည်ပြန်လဲ လှည့်မကြည့်နဲ့
နင့်အတွက် ငါမဟုတ်တော့ဘူး ။ တကယ့်ပြတ်သားတဲ့စိတ်ဘဲ ကဗျာကောင်းလေး ဖတ်ရှုအားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 14, 2011
Comment #3

တစ်ခုလောက်မေးချင်လို့ပါ … ရေးထားပြီးတဲ့ကဗျာတွေရော ..အကုန်လုံးပျောက်ကုန်တယ် ..ဘာတွေဖြစ်သွားတာလဲဟင် .. အရင်တုန်းကလူဆိုးဒီကဗျာမှာအားပေးပြီးသားလေ ..
အခုမရှိတော့ဘူး …သိရင်ဖြေပေးကြပါနော် … 😛

commentinfo By: chityellusoelay at Aug 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment