Professional Authors

ကကြိုးပျောက်တဲ့ည

ကကြိုးပျောက်တဲ့ည

 

မှော်ဆရာသိမ်းတဲ့ဇတ်

ဒါဟာ လှည့်ကွက်တစ်ခုပါလို့

ငါ့အိပ်မက်ကလန့်နိုးချိန်

ကယောင်ကတန်းနဲ့

ငါ့ရင်ဘက်ကငြင်းဆန်ပေမဲ့

အမှန်တရားကို ငါ့အသိက လက်ခံလိုက်တယ် ချစ်သူ

လှည့်ကွက်တွေခဏခဏထွင်တဲ့

ငါချစ်တဲ့နင်က မှော်ဆရာမဟုတ်ဘူးဆိုတာ

ငါသိတယ်ချစ်သူ ဒါပေမဲ့ မှော်ဆရာလိုပြုစားတဲ့

နင့်လှည့်ကွက်တွေမှာ ငါဆိုတဲ့ ကဝေပျိုက

နင်ကြိုးဆွဲရာကို…က… နေချင်သေးတာဟာ

နင့်ရဲ့ဇတ်ဝင်ခန်းတိုင်းကိုလှပနေစေချင်တဲ့

ကဝေပျိုရဲ့ ရူးသွပ်မှု့သက်သက်ပါချစ်သူ

မှော်ဆရာပြတဲ့ဇတ်တိုင်းမှာ ကပြချင်တဲ့

ကဝေပျိုရဲ့ကကွက်တွေကို

နင် အရင်လို အားပေးပါ့အုံးမလား ချစ်သူ

ဇတ်သိမ်းလို့ မပြောမချင်း

မနားတမ်းကပြချင်တဲ့ ကဝေပျိုရဲ့

ကကွက်မှာ မှော်ဆရာငြီးငွေ့လာမှာကို

ငါဆိုတဲ့ ကဝေပျိုကိုယ်တိုင်လဲ

ကြောက်ရွံ့နေမိတယ် ချစ်သူ

ဒါပေမဲ့ နောက်ဆုံးတော့

နှုတ်ခမ်းလေးတချက်လှုပ်ယုံ

လက်ကလေးတချက်ပြယုံနဲ့

နင်သိမ်းခဲ့တဲ့ဇတ်က

အရမ်းလှလွန်းတော့

ကဝေပျို ကကြိုးပျောက်ခဲ့ရတာ

ဆန်းသလား ချစ်သူရယ်****

 

04:45 PM

နတ်သမီး

In: ကဗျာ Posted By: Date: Jul 29, 2011
Comment #1

ကဝေပျို့ ခမျာ သနားစရာ………..

commentinfo By: စောရယ် at Jul 29, 2011
Comment #2

အားပေးနေပါတယ်…..။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #3

နင်သိမ်းခဲ့တဲ့ဇတ်က
အရမ်းလှလွန်းတော့
ကဝေပျို ကကြိုးပျောက်ခဲ့ရတာ
ဆန်းသလား ချစ်သူရယ်……

commentinfo By: ဖိုးနမ်း at Aug 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment