Professional Authors

ကျွန်တော်တို့မရိုးသားကြဘူး

ဖြစ်နေကြကိစ္စတွေပါပဲ

ရန်ကုန်မြို့ ထဲမှာ

လောဘတွေအလျှံညီးညီးတောက်လောက်ကြ

နေ့နဲ့ညမခွဲ

စားဝတ်နေရေးစစ်ပွဲအတွက်

အရှက်နဲ့အသက်ကိုလဲသူတွေရှိတယ်။

 

ဟိုး…တော်တော့

ခင်ဗျားပြောတဲ့ ရိုးသားခြင်းဆိုတာ

ဘယ်ဘူတာမှာ ဘာရထားနဲ့

ဘယ်လိုဆိုက်မယ်မှန်း

သည်ကလူတွေမသိကြဘူး။

 

ဘတ်စ်ကားပေါ်က

သာမန်ဘ၀တွေရဲ့ 

အသက်ရှုကြပ်နေကြပုံများ

ဘေးကကြည့်နေရုံနဲ့တင်ခါး…လိုက်…တာ။

 

ကျွန်တော်တောင် ကဗျာဆရာလုပ်ရတာ

မောလွန်းလှပြီ….အစ်ကို

ဆုံးဖြတ်ချက် ဒွိဟတွေအတွက်

မောပန်းရတာ တူသလားတန်သလား

မမြင်မကန်းနဲ့မှားခဲ့တာတွေလည်း

အများကြီးပေါ့……………

 

နေ့ခင်းကြောင်တောင်မှာတောင်

သည်မြို့ ထဲမှာ အယောင်ဆောင်မှုတွေနဲ့…

ကျွန်တော်ပြောတာမှားသွားရင် ဆောရီးအစ်ကို….

အဲသည်လိုနဲ့ အအေးတစ်ခွက်ကို ကျွန်တော်

ရိုးသားစွာ သုံးဆောင်လိုက်မိတယ်။

                                           မိုးသစ်လေပြည်

In: ကဗျာ Posted By: Date: Jul 26, 2011
Comment #1

မိုက်တယ်…..မိုးသစ်လေပြေရေ…..ရေးနေကျပုံစံထဲကခွဲထွက်လာတယ်…

အဲသည်လိုနဲ့ အအေးတစ်ခွက်ကို ကျွန်တော်

ရိုးသားစွာ သုံးဆောင်လိုက်မိတယ်။
အဖော်ရှိပါတယ်….ဗျ…အတူတူသောက်ကြတာပေါ့။

commentinfo By: terry at Jul 26, 2011
Comment #2

အဲသည်လိုနဲ့ အအေးတစ်ခွက်ကို ကျွန်တော်
ရိုးသားစွာ သုံးဆောင်လိုက်မိတယ်။
ကောင်းပါသည်

commentinfo By: ဖိုးနမ်း at Jul 28, 2011
Comment #3

ဖြစ်နေကြကိစ္စတွေပါပဲ

ရန်ကုန်မြို့ ထဲမှာ

လောဘတွေအလျှံညီးညီးတောက်လောက်ကြ

နေ့နဲ့ညမခွဲ

စားဝတ်နေရေးစစ်ပွဲအတွက်

အရှက်နဲ့အသက်ကိုလဲသူတွေရှိတယ်………. ( မှန်တယ်… အားလူံးဟာနေရာတိုင်းမှာစစ်ပွဲဝင်နေရတယ်..
ဒါမျိုးတွေဖတ်ရတာပိုပီးအားဖြစ်တယ်.. အားပေးနေ၏)

commentinfo By: May Kha at Jul 28, 2011
Comment #4

ကောင်းသောကဗျာလေးပါ ညီ မိုးသစ်လေပြေ…။

Comment #5

အားပေးမှုတွေအားလုံးအတွက် ကျေးဇူးပါး)

commentinfo By: မိုးသစ်လေပြေ at Jul 28, 2011
Comment #6

ကဗျာက အဓိပါယ်ရှိတယ်…။ ဒါကလဲ စည်းမျဉ်းမရှိတော့ ကြိုက်သလိုစွဲပြောလို့ရတာကိုး..။ကဲ ညီလေး..၊ မင်းရဲ့ ဒီကဗျာလေးကို မြန်မာကဗျာရေးနည်းတွေထဲက တစ်နည်းနည်းနဲ့ပေါ့…၊ အလွယ်ဆုံးဖြစ်တဲ့ လေးလုံးစပ်လေးနဲ့ တစ်ခေါက်လောက်ပြန်ရေးကြည့်ပါလား..။ ရှုထောင့်အမျိုးမျိုးက ရေးတတ်မှ ကဗျာဆရာ စစ်မှာမို့လို့ပါ…။
ညီက အတုလား အစစ် လား မသေချာဘူးလေ…။ အများသိရအောင်လို့ပေါ့…။ မင်းက ပညာရှိကြီးသိပ် ဖြစ်ချင်နေတယ်မဟုတ်လား..။
ကျေးဇူးတင်ပါသည်…။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #7

မရေးနိုင်ခဲ့ရင်တော့ ကဗျာထဲကလိုပဲ.. ၊ မင်းလဲ မရိုးသားဘူး…။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #8

ဟက်ဟက် အနုပညာဖန်တီးမှုကို နည်းနည်းလောက်ပြန်စနည်းနာကြည့်ပါဦးဗျာ သနားလိုက်တာ ကာရန်စနစ်ကို ရေးတတ်မှ ကဗျာဆရာဆိုရင် ခင်ဗျားလည်း အနုပညာကို နားမလည်တဲ့လူတစ်ယောက်ပဲ

commentinfo By: မိုးသစ်လေပြည် at Mar 30, 2012
Comment #9

မရေးတတ်လို့ပြောတာတော့မဟုတ်ဘူးဗျ မော်ဒန်ကဗျာပါ အကြောင်းအရာတစ်ခုကို ကာရန်စနစ်ထဲကို ထိုးသွင်းတာဟာ ခေတ်လူငယ်တစ်ယောက်ကို နန်းဝတ်နန်းစားတွေ ပြန်ပြီး ဆင်ယင်ထားသလိုပဲ။ ဆံပင်အရောင် ကြောင်ကြောင်ကြားကြားနဲ့ မင်းတြားကြီးဖြစ်နေဦးမယ်။ နည်းနည်းလောက်မြင်ယောင်ကြည့်ပါဦးဗျာ။

commentinfo By: မိုးသစ်လေပြည် at Mar 30, 2012
Comment #10

ဘယ်အချိန်ဖတ်ဖတ် မိုက်တယ်……
like……like…….like….. 🙂

commentinfo By: terry at Apr 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment