Professional Authors

လူမမြင်ဘူး

ဘာ့ကြောင့်၊ဘာလို့၊ဘယ်လို ဆိုတဲ့

မေးခွန်းတွေနဲ့ နေ့တစ်နေ့ကို ကုန်ဆုံး

ဒါပေမဲ့ ငါမငိုဘူး..

 

 

အိပ်မက်ဆိုးက နိုးအထ

ခေါင်းအုံးလေး စိုနေတတ်ပေမဲ့

ငါမငိုပါဘူး။

 

 

နင့်ကိုလွမ်းလား မေးတိုင်း

သတိတောင်မရဘူးလို့ ငြင်းတိုင်း

ရင်ဘတ်ထဲက တစ်စုံတစ်ရာက

ဆို့တက်လာတတ်ပေမဲ့

နင့်အတွက် 

ငါဘယ်တော့မှ မငိုဘူး။

 

 

အကြောင်းတိုက်ဆိုင်လို့

အမှတ်တရ ပုံရိပ်တွေ

မျက်ဝန်းထဲ ထင်လာတဲ့အခါ

ငါကိုယ်ငါ ဆွဲဆိတ်ပလိုက်တယ် 

ငိုရင်တောင် နာလို့ဆိုပြီး..

 

 

နှလုံးသားက ပြောတယ်

“ခင်ဗျား လွန်နေပြီ”တဲ့

အသိစိတ်က ပြန်ပြောတယ်

“မင်းကောင်းဖို့အတွက်ပါ”တဲ့

ဦးနှောက်က ဆုံးဖြတ်တယ်

“မင်းဒဏ်ရာတွေ ကုဖို့ သူ့ကိုမလိုအပ်ပါဘူး” တဲ့။

 

 

ဒီလိုနဲ့ ဆက်လိမ်တယ်

နင့်ကို မလွမ်းဘူးလို့

မျက်ရည်တွေ မကျပေမဲ့

ငါ့နှလုံးသားက

ပက်ပက်စက်စက် ငိုတယ်

ဒါပေမဲ့ လူမမြင်ဘူး။

 

 

သူစိမ်းတစ်ယောက်အတွက် 

ခံစားချက်ဆိုတာ မရှိသင့်တော့ဘူးလေ

ငါ့အချစ်တွေကိုတော့ သိမ်းထားတယ်

ငါနင့်ထက် ပိုချစ်မဲ့

နောက်ကောင်လေးတစ်ယောက်အတွက်ပေါ့။      ။

 

 

*Snowflake*

23/07/11 (6.30 pm GMT)

In: ကဗျာ Posted By: Date: Jul 24, 2011
Comment #1

har……….
lone wa special pe.

commentinfo By: ei lay at Jul 24, 2011
Comment #2

i m still lying.

commentinfo By: eilay at Aug 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment