Professional Authors

နင်နဲ့ငါ….

မရည်ရွယ်ပါဘူးဆိုပြီး

ငါတိှု့နှစ်ယောက် နီးစပ်ခဲ့ဖူးတယ်…

နင်တစ်ယောက် မျက်ရည်ကျရင်

ငါတကယ်ကို နေမပျော်ခဲ့လို့ပါ……

မတမ်းတပါဘူးဆိုပြီး

ငါတို့နှစ်ယောက် လွမ်းဆွတ်မှုတွေပိုင်ဆိုင်ခဲ့ဖူးတယ်

နင်တစ်ယောက် ခံစားရရင်

ငါတကယ်ကို ဖြေမသာခဲ့လို့ပါ…..

ခံစားရတာ ခါးသီးတယ် နင်တစ်ယောက်နဲ့ ခွဲခွာရဖို့ကို

ရင်မဆိုင်ဝံ့လို့ နေ၀င်ချိန်တိုင်းကို ငါမုန်းတီးဖူးတယ်….

စောင့်စားရတာ ကြာလွန်းပါတယ် နင်တစ်ယောက်နဲ့ ဆုံစည်းဖို့ကို

တပ်မက်လွန်းလို့ မနက်ခင်းတိုင်းကို ငါပျောက်ဆုံးချင်တယ်………… ချစ်သူ..

In: ကဗျာ Posted By: Date: Jul 21, 2011
Comment #1

မတမ်းတပါဘူးဆိုပြီး

ငါတို့နှစ်ယောက် လွမ်းဆွတ်မှုတွေပိုင်ဆိုင်ခဲ့ဖူးတယ်

နင်တစ်ယောက် ခံစားရရင်

ငါတကယ်ကို ဖြေမသာခဲ့လို့ပါ…..။။။။

Comment #2

har,,,
phat yin ne wan ne lar de,
ngo chin lar de,,a hote

commentinfo By: ei lay at Jan 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment