Professional Authors

စည်းတစ်ဖက်ကမ်းက အလွမ်းကာရံ..

***အမှတ်မထင်တဲ့ တွေ့ ဆုံမှုဟာ
      တစ်သက်တာ စွဲကျန်ရစ်စရာရယ်လို့ 
      စာဖွဲ့ ကာ မပြောလောက်ပေမယ့် 
      သူ့ အပြုံးနုနု (သွားတက်လေး တစ်ခုရယ်ကပေါ့ )
      ကျွန်မ နှလုံးသားထက်မှာ
      အက္ခရာပုံထင် စာတွင်လောက်တာကြောင့် 
      အိနြေ္ဒဆိုတာတောင်မေ့လျှော့ 
      ငေးမောကာ ကြည့် ခဲ့ မိတာပေါ့ …..

***ကံကြမ္မာတံတိုင်းက စည်းပိုင်းခြားထားသတဲ့ 
      စောင့် စည်းခြင်းဆိုတာ
      တို့ (မိန်းမသား)တွေရဲ့  သိက္ခာတဲ့ လေ
      ကံကြမ္မာဇာတ်ဆရာအလိုကျ
      ကပြကာ အသုံးတော်ခံရမှာမို့ 
      တို့ လေ’  အကြည့် ရိုင်းတွေကိုပြန်ရုပ်သိမ်း
      ဟန်ဆောင်မှုတွေနဲ့  မြိုသိပ်ရင်း
      အစဉ်အလာဆိုတဲ့  စည်းတံတိုင်းဘေးမှာ
      တိပ်တိပ်လေး ဆွေးနေမိတာပေါ့ …..

      Moon
      13.6.2002

In: ကဗျာ Posted By: Date: Jul 15, 2011
Comment #1

အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 16, 2011
Comment #2

အင်း …. အဲဒါပဲ ကောင်း ပါတယ် ။ မိန်းကလေးကိုး။
အားပေးသွားပါတယ်။…

commentinfo By: slwal at Jul 16, 2011
Comment #3

သိပ်ကောင်းပါတယ်

commentinfo By: HEROSMITH at Jul 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment