Professional Authors

လေသံလား မြွေသံလား ခြေသံပြင်းပြင်းတော့ မနင်းစေချင်။

ကိုထက်လူပြောသလို
ကဗျာတွေချည်းပဲယူထားပြီး လူကိုကန်ထုတ်လိုက်ရင်
ဒီကိစ္စပြတ်ပြီ
(ကိုကိုရေ….ဖုန်းလာနေတယ်…..)
ဘာလဲ ဘယ်သူလဲ မအားဘူး
နောက်တစ်လှမ်း ဆုတ်တယ်
အများနှင့် တဟူးဟူးတဟဲဟဲနေရန် ဆန္ဒမရှိ
၏ သည် မရွေး စာကြောင်းလေးများ တန်းစီလာနေကြ
လေသံလား မြွေသံလား ခြေသံပြင်းပြင်းတော့ မနင်းစေချင်
ထုတ်ချင်းခတ် ဖောက်ဝင်သွားလျှင် တာဝန်မယူ
မူယာနွဲ့ ပလီပလာမလေး ဒါကိုလီ ဒီကိုလာ
အီလိုက်တယ်၊ အီလိုက်တယ်ဆိုတာ အီစီကလီလုပ်လိုက်တာကိုပြောတာ
ဒါလည်း အသွားမကောင်းတဲ့ဓာတ်ပြားဟောင်းကြီးပဲ ငါ ရိုက်ခွဲပစ်မိတော့မယ်
ချစ်ခြင်း မုန်းခြင်းဆိုသည်မှာ စိတ္တဇနာမ်ပါကွယ်
ကိုင်တွယ်စမ်းသပ်၍လည်းမရ မြင်လည်းမမြင်နိုင်
တစ်ပိုင်တစ်နိုင် အုတ်တစ်ချပ် သဲတစ်ပွင့်
ကဗျာသစ်ကြီး ဟီးနေအောင်တည်ဆောက်နေတဲ့အထဲ
အရိပ်နေပေမယ့် အခက်တော့ ဘယ်တော့မှမချိုး
တာကောလို့ ခေါ်တယ်။

In: ကဗျာ Posted By: Date: Jul 14, 2011
Comment #1

အရိပ်နေပေမယ့် အခက်တော့ ဘယ်တော့မှမချိုး
တာကောလို့ ခေါ်တယ်။.
ဦးလေး..ဖတ်သွားတယ်

commentinfo By: အသဲကွဲမိုး at Jul 14, 2011
Comment #2

ကိုထက်လူပြောသလို
ကဗျာတွေချည်းပဲယူထားပြီး လူကိုကန်ထုတ်လိုက်ရင်
ဒီကိစ္စပြတ်ပြီ
(ကိုကိုရေ….ဖုန်းလာနေတယ်…..)

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 17, 2011
Comment #3

တစ်ပိုင်တစ်နိုင် အုတ်တစ်ချပ် သဲတစ်ပွင့်
ကဗျာသစ်ကြီး ဟီးနေအောင်တည်ဆောက်နေတဲ့အထဲ
အရိပ်နေပေမယ့် အခက်တော့ ဘယ်တော့မှမချိုး
တာကောလို့ ခေါ်တယ်။

commentinfo By: စောရယ် at Jul 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment