Professional Authors

ဘယ်သူက ပိုချစ်ခဲ့တာလဲ

ကြားဖူးခဲ့ပါတယ်…
အာဒံ နဲ့ ဧဝ
သိပ်ချစ်ကြတယ်ဆိုတာ…။

ဖတ်ဖူးခဲ့ပါတယ်…
ဘုရင့်သမီးတော်နဲ့
တောတွင်းသားလေးတို့
ချစ်ဖူး ခဲ့တယ်ဆိုတာ…။

နားမလည်ခဲ့ဘူး…
မင်းနဲ့ငါ နှစ်ယောက်မှာ
ဒီလောက်ပေးဆပ် ခဲ့တဲ့ငါ
ဘာဖြစ်လို့များရှုံးနိမ့်ခဲ့ရတာလဲ…။

တွေးလေတွေးလေ
အတွေးတွေ ပြုတ်ထွက်
ငါ့အတွက်မင်းပေးတဲ့အချစ်
မနှစ်မြို့ စရာပါလား….။

မင်းမှာသာ…
ချစ်တတ်တဲ့နှလုံးသားရှိခဲ့ရင်
ဒီလောက်ထိ ဖြစ်ခဲ့ဖို့မလိုပါဘူး…..။
ငါ ငိုနေတာ မင်းတွေ့တော့မှ
ကျွန်မကြောင့်ဖြစ်ရတာ
တောင်းပန်ပါတယ် မောင် တဲ့
နှုတ်ချိုသွေးကာ တောင်ပန်သေးတယ်…။

ကျေနပ်ပါတယ်…ဒီလောက်နဲ့ပဲ
မင်းခွဲတဲ့ အသည်း
မင်းပဲပြန်ဆက်၊
မင်းအတွက်တော့ ငါဟာ
ကစားစရာပေါ့…။

ဒါပေမယ့်
ငါမေးခဲ့ ချင်သေးတယ်
မဖြေချင်လည်း မင်းဖြေ
မင်းတို့ မိန်းမတွေနဲ့
ငါတို့ယောက်ျားတွေမှာ
ဘယ်သူကပိုချစ်တတ်တာလဲ..။

မင်းနဲ့ ငါမှာရော
ဘယ်သူကပိုချစ်ခဲ့တာလဲ…?..။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jun 27, 2011
Comment #1

အကိုကို မှတောင်းပန်သူရှိသေးတယ်
ူကျွှန်တော်စော်ကတော့ သူမဟုတ်သလိုဘဲလေ….

commentinfo By: laminpaing at Jun 27, 2011
Comment #2

ဒီလိုပါပဲ လမင်းပိုင်..။
သိပ်ချစ်မိသူက ကျရှုံးရတာပါပဲ…။
သူကပြတ်သားသူဖြစ်နေလို့နေမှာပေါ့…။

Comment #3

ဟားးးကိုလွမ်းလှိုင်းက ရယ်ရသားပဲ
ကိုဇော်သက်ဦးအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 27, 2011
Comment #4

ဟုတ်တယ်ဗျ
မချစ်ချင်ယောင်ဘဲနေလိုက်တော့တယ်ဗျာ……..

commentinfo By: laminpaing at Jun 27, 2011
Comment #5

ကိုလမင်းပိုင်….
သူမဟုတ်သလိုနေတော့လည်း
ကိုယ်ကလည်းကို်ယ်မဟုတ်သလိုပြန်နေလိုက်ပေါ့

commentinfo By: poem.poem28 at Jun 27, 2011
Comment #6

ကျေးဇူး ညီလေးရေ…..။

Comment #7

ကောင်းပါတယ် လမင်းပိုင် .၊သူကမှမချစ်တာပဲ ကိုယ်က အရူးဖြစ်နေလို့ဘယ်ရမှာလဲ..။မနိုင်ပြန်တိုက်ပစ်..။

Comment #8

ခုတော့လည်း ဗလာနတ္တိပေါ့ဗျာ
ဘာမှမရှိတော့ပါဘူး…….

commentinfo By: laminpaing at Jun 27, 2011
Comment #9

ကောင်းပါတယ် …။အရာရာကို စွန်ံလွှတ်နိုင်ခြင်းက မင်္ဂလာ တစ်ပါပဲမဟုတ်လား?။ကိလေသာ ကုန်တာပေါ့ လမင်းပိုင်…။

Comment #10

နားမလည်ခဲ့ဘူး…
မင်းနဲ့ငါ နှစ်ယောက်မှာ
ဒီလောက်ပေးဆပ် ခဲ့တဲ့ငါ
ဘာဖြစ်လို့များရှုံးနိမ့်ခဲ့ရတာလဲ…။
ယောက်ျားလေးနဲ့မိန်းကလေး ဘယ်သူပိုချစ်တယ် မမေးပါနဲ့…
တကယ်ချစ်လို့ ပိုပေးဆပ်နိုင်ခဲ့တဲ့သူက ပိုချစ်လို့ပဲလေ….
ယောက်ျားလေး မိန်းကလေးရယ်မရှိဘူးလို့ထင်တရ်နော့…
အားပေးသွားတရ်နော့… ထပ်ကူးသွားပြီ….

commentinfo By: sandi at Jun 27, 2011
Comment #11

ဟားဟား…။မိန်းကလေးတွေဘက်က လိုက်ပြီးပြောနေသေးတယ်…။
အစ်မပြောတာဟုတ်နိုင်ပါတယ်..။ ဒါပေမယ့် သူနဲ့ ကျွန်တော်မှာ ကျွန်တော်က ပိုချစ်ခဲ့တာပါ….။

Comment #12

ကိုဇော်သက်ဦး မိန်းကလေးတွေလည်းချစ်တတ်ပါတယ်..။အစ်ကိုတို့နှစ်ယောက်မှာတော့ ဟုတ်ချင်ဟုတ်မှာပါ…။ဒါပေမယ့် မိန်း ကလေးတိုင်းမဟုတ်ပါဘူး…။

commentinfo By: ပန်းချစ်သူ at Jun 27, 2011
Comment #13

အစ်ကို့ ကဗျာထဲ ကလို ကျွန်တော်လည်းဖြစ်နေပြီး မသိတော့ပါဘူး။
စာနာပါတယ်။ ပိုချစ်တဲ့သူကရှုံးတာပါပဲ။………………………

commentinfo By: MC P-1 at Jun 27, 2011
Comment #14

အနှစ်တွေပါလား… ရေးထားတာ အရမ်းကောင်းတယ်….

“မင်းခွဲတဲ့ အသည်း
မင်းပဲပြန်ဆက်၊
မင်းအတွက်တော့ ငါဟာ
ကစားစရာပေါ့”

ဒီစာသားကို သဘောကျတယ်… ဆက်ရေးပါ…

အားပေးလျက်

Comment #15

ပန်းချစ်သူ ညီမ ငယ် ကျေးဇူးပါ….။

Comment #16

MC P-1 ညီလေးပြောသလိုပါပဲ အချစ်ဆိုတာ ပိုချစ်တဲ့သူကရှုံးရတာပါ…။အားပေးတဲ့အတွက်ရော စာနာပေးတဲ့ အတွက်ပါကျေးဇူးပါ….။

Comment #17

ကျေးဇူးတင်ပါတယ်…မင်းကိုချစ်တဲ့သူ..အားပေးတဲ့သူတွေအတွက် ကြိုးစားပါဦးမည်…..။

Comment #18

ဒါပေမယ့်
ငါမေးခဲ့ ချင်သေးတယ်
မဖြေချင်လည်း မင်းဖြေ
မင်းတို့ မိန်းမတွေနဲ့
ငါတို့ယောက်ျားတွေမှာ
ဘယ်သူကပိုချစ်တတ်တာလဲ..။

မင်းနဲ့ ငါမှာရော
ဘယ်သူကပိုချစ်ခဲ့တာလဲ…?..။
ဒီစာသားကို ပိုကြိုက်တယ်…..။

commentinfo By: မင်းသူစိုး at Jun 28, 2011
Comment #19

ပိုပေးဆပ် နိုင်တဲ့ သူက ပိုချစ်တတ်သူပါပဲ….။
မိန်းမ တွေ..။ယောက်ျားတွေ… ခွဲလို့မရဘူးလေ….။

commentinfo By: အမြဲစိမ်း at Jun 28, 2011
Comment #20

အားပေးတဲ့ မင်းသူစို ကို ကျေးဇူးတင်ပါတယ်ဗျာ….။…..။

Comment #21

ဟုတ်ပါပြီ…။သူတို့မိန်းကလေးတွေထိတော့ ဝိုင်းပြောကြလိုက်တာနော်..။ထားပါတော့ အများနဲံတစ်ယောက် မငြင်းဝံ့တော့ပါဘူး..။အားပေးတာကိုကျေးဇူးပါ…ညီမလေးအမြဲစိမ်း…..။

Comment #22

စာသားတွေက တကယ်ထိတယ်..။အားပေနေမယ် ..။

commentinfo By: Nyi Zaw at Jun 29, 2011
Comment #23

ကျေးဇူးပါ ညီဇာ်…။ကြိုးစားပါဦးမည်…။

Comment #24

ငါဖြေလိုက်မယ်.. ယောက်ျားတွေက ပိုချစ်တတ်တယ် ထင်တာပဲ…..။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #25

ကောင်းပါ့ကွာ….။

Comment #26

hote bu,,hote bu,,,
ko ye thu,,,,hmar de,,hmar de,,,
main ka lay tway ka po p chit tat tar,,a chain kyar kyar po p chit naing tar.
men tway ka kha na lay pe chit naing tar..kha na kha na le chit tay de.

commentinfo By: ei lay at Aug 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment