ဂျစ်ပစီဝိညာဉ် – နရီထက်
တိမ်ပြာပြာကို စောင့်လင်းကစား
တိမ်ညိညို အောက်မှာ အနေများတယ်
မိုးတွေ ရွာတိုင်း ထိတ်လန့်စရာမရှိဘူး
မိုးရည်စိုစို တစ်ကိုယ်လုံးရွှဲရင်ဖြင့် အပျော်ဆုံးပါပဲ…
အနွေးထည် မလိုဘူး
ကော်ဖီပူပူ မရှိဘူး
လက်ချင်းပွတ် ပါးသပ်လိုက်ရင် အနွေးဆုံးပါ
လမ်းဘေး မီးပုံးတွေကတော့ အဖော်ရင်းပါပဲ…
ခေါင်မိုးအပေါက်အရောက်တွေက
ကြယ်ကလေးတွေ မြူးဖို့
လမင်းလေးကို ရူးစေဖို့ပါ
မိုးမျှော်စင် မရှိပေမဲ့….
ထိုင်ခုံပေါ်ကနေ လသာမဲ့ရက် စောင့်နေကြပါ
အရောင်တွေကို မကြင်နာနိုင်ပေမဲ့
ပန်းချီကားတွေကို ခုံမင်တယ်
အသစ်တွေကို မမြတ်နိုးနိုင်ပေမဲ့
အ၀တ်တစ်ထည်ကိုယ်တစ်ခုဘ၀မှာ ပျော်နေနိုင်တယ်
မျှော်လင့်ချက်အိမ်မက်တွေကတော့ ရှင်သန်နေဆဲပါပဲ…
ဒါပေမဲ့လေ…
မင်းရဲ့ ဒေါသစိတ်ကို သိရင်…
မင်းရဲ့ လောဘစိတ်ကို မြင်ရင်…
မင်းရဲ့ မောဟစိတ်ကို တွေ့ခဲ့ရင်…
ဂျစ်ပစီဝိညာဉ်တွေက အရူးလုပ်တတ်ကြတယ်။ ။
နရီထက်
( ၂၅ ၊ ဇွန်လ ၊ ၂၀၁၁ )
Comment #2
ကဗျာကတစ်မျိုးဘဲတခု2လိုနေသလိုဘြဲိကိုးစားရင်တော့တိုးတက်နိုင်ပါတယ်
By: zaw at Jun 25, 2011
Comment #3
ကျေးဇူးပါ… ညီမလေး မြင့်မိုရ်……
By: Nayihtet at Jun 25, 2011
Comment #4
ကျေးဇူးပါ… zaw.. အခုလို ဝေဖန်ပြောကြားပေးတဲ့အတွက် …တကယ့်ကို စိတ်ရင်းနှင့် ကျေးဇူးတင်ပါတယ်… တိုးတက်မှုရှိအောင် ကြိုးစားပြီး ရေးနေမယ်… zaw
By: Nayihtet at Jun 25, 2011
Comment #5
ကောင်းပါတယ် ကိုကြိး တစ်ပှဒ်လုံးကောင်းတယ် ဘာမှတစ်ခုခု မလိုပါဘူး။.. zaw …မခံစားတတ်လိုပါ သဘာဝဆန်ဆန် ကဗျာကို…ဆက်အားပေးနေမယ် ကိုကြိး
By: thuya at Jun 25, 2011
Comment #6
ကျေးဇူးပါ… ညီ.. အားပေးနေတဲ့အတွက်
By: Nayihtet at Jun 25, 2011
Comment #7
ဇော်ပြောသလို တစ်ခုခုလိုနေတယ်လို့ထင်တယ် နည်းနည်းပါးပါးပါ စကားလုံး လှလှလေးတွေနဲ့ အားနည်းချက်ကိုပြန်ပြီးဖာထေးပေးလိုက်တယ် အတွေးကိုတော့ကြိုက်သွားပြီ အစ်ကိုရေး) ဝေဖန်တာများသွားရင်ခွင့်လွှတ်နော် 😀
By: မိုးသစ်လေပြေ at Jun 25, 2011
Comment #9
မိုးသစ်လေပြေ နှင့် မင်းမာန် တို့တို ကျေးဇူးတင်ပါတယ်…
By: Nayihtet at Jun 26, 2011
Comment #11
အမြဲတမ်း အားပေးနေတဲ့ ငါ့ညီ ဇော်သက်ဦး ကို ကျေးဇူးပါ… ညီ
By: Nayihtet at Jun 26, 2011
Comment #12
သို့
poemscorner… Admin….
ကျွန်ုပ် နရီထက်ရဲ့ ဂျစ်ပစီဝိညာဉ်ကဗျာကို အကောင်းဆုံး ရေးဖွဲ့ပြင်ဆင်ပြီးဖြစ်သောကြောင့်
COMMENT (2)
COMMNET (4)
COMMENT (7)
COMMENT (8)
COMMENT (9) တို့ကို ယခုချက်ချင်း ပယ်ဖျက်ပေးပါရန်…
ကလောင်ရှင်
ကဗျာဆရာ
နရီထက်
01-07-2011
By: Nayihtet at Jul 1, 2011
Comment #13
ထိုင်ခုံပေါ်ကနေ လသာမဲ့ရက်
မျှော်လင့်ချက်အိမ်မက်တွေ
ရှင်သန်နေဆဲ ……
ဂျစ်ပစီ
တစ်ကယ်ကောင်းပါတယ်
အားပေးသွားပါတယ် …..
By: harris at Nov 30, 2011




Comment #1
ကောင်းတယ်အကိုကြီး
အားပေးသွားတယ်နော်.