မာယာတစ်သိန်းနဲ့ မိန်းမလည်
ကကွက်စုံစုံ အဖုံဖုံ
အကုန်သိမ်းကျုံးထုတ်လို့
လုပ်ဇာတ်တွေခင်း မင်းရဲ့
မာယာပန်းခင်းအလယ်
ငါ့ကိုပြုစားစေခဲ့တယ်…။
ခေါ်လိုက်ပုံက ကိုကိုတစ်မျိုး
မောင်တစ်မျိုး အမျိုးမျိုးပင်တတ်နိုင်ပေစွ
ငါ့အချစ်ကို ယူသွား
ကစားလို့ဝမှ မသာယာတော့ဘူးတဲ့လား
မိန်းမများရဲ့မာယာ
ဒါပဲနေမှာ လို့
ငါတကယ်မတွေးခဲ့ဘူး…။
ဒါတင်မကတဲ့အတတ်တွေ
ဘယ်အတွက်ကြောင့်သင်ထားခဲ့တာလဲ
ငါလို လူအကိုမှ
မင်းကရက်စက်နိုင်လွန်းတယ်
တယ်လဲ တတ်နိုင်ပေတယ်
မင်းတို့မိန်းမတွေရယ်…။
ဒီအချစ်မျိုးမှာ
ကိုးကွယ်မိသူငါ
ရှိပါစေတော့ ဒီတစ်ခါ
နောက်များမှာတော့မကြုံရပါစေနှင့်
သိခဲ့ရတဲ့မာယာကောက်ကြောင်းအတွက်
မင်းရက်စက်မှုကသက်သေပါ။
ဒီတစ်ခါ ပြတ်ပြတ်သားသား
ပြောကြားလိုက်မယ်
မင်းဟာတစ်ကယ်
အထိန်းမလွယ်တဲ့ မိန်းမငယ်
တစ်မျိုးပြောဦးမယ်..
“မာယာတစ်သိန်းနဲ့ မိန်းမလည်”….။ ။
ဇော်သက်ဦး
Comment #2
မင်းဟာတစ်ကယ်
အထိန်းမလွယ်တဲ့ မိန်းမငယ်
တစ်မျိုးပြောဦးမယ်..
“မာယာတစ်သိန်းနဲ့ မိန်းမလည်”…
By: Nayihtet at Jun 22, 2011
Comment #5
ကိုကြီးကရေးတာတကယ်တော်တာပဲ…။ဖတ်လို့ကောင်တယ်..ကဗျာကဘယ်သူ့ကိုရည်းညွန်းလဲမသိဘူးနော်….။
By: ပွင့်ဖြူ at Jun 22, 2011
Comment #6
တယ်လည်းရေးတတ်ပါပေတယ်……။
By: နတ်ဆိုးလေး at Jun 22, 2011
Comment #7
ဒီအချစ်မျိုးမှာ
ကိုးကွယ်မိသူငါ
ရှိပါစေတော့ ဒီတစ်ခါ
နောက်များမှာတော့မကြုံရပါစေနှင့်
သိခဲ့ရတဲ့မာယာကောက်ကြောင်းအတွက်
မင်းရက်စက်မှုကသက်သေပါ။
ဒီတစ်ခါ ပြတ်ပြတ်သားသား
ပြောကြားလိုက်မယ်
မင်းဟာတစ်ကယ်
အထိန်းမလွယ်တဲ့ မိန်းမငယ်
တစ်မျိုးပြောဦးမယ်..
“မာယာတစ်သိန်းနဲ့ မိန်းမလည်”….။ ။
အားပေးသွားတယ်…….
By: မိုးဆွေ at Jun 22, 2011
Comment #8
ညီမမပါ ဘူးနော်….။
အားပေးလိုက်တယ်..။
By: Zar Zar at Jun 22, 2011
Comment #9
ဒါတင်မကတဲ့အတတ်တွေ
ဘယ်အတွက်ကြောင့်သင်ထားခဲ့တာလဲ
ငါလို လူအကိုမှ
မင်းကရက်စက်နိုင်လွန်းတယ်
တယ်လဲ တတ်နိုင်ပေတယ်
မင်းတို့မိန်းမတွေရယ်…။
လန်းတယ်..
By: မင်းသူစိုး at Jun 22, 2011
Comment #14
အရမ်းဖတ်လို့ကောင်းတရ်… မောင်လေးပြောသလိုဆို..
မငြင်းပါဘူး… အများထဲက အနည်းလောက်ပဲပါတာပါ..
မိန်းကလေးတိုင်းမဟုတ်ပါဘူး…
မင်းတို့ ယောက်ျားလေးတွေအတွက်တစ်ခါစပ်ကြည့်ပါလား…
ခုခေတ်ကြည့်နော်.. မိန်းမတွေထက် ယောက်ျားတွေက အဲလိုလုပ်တာတွေ ပိုများနေတရ်…
ကဗျာအရမ်းကောင်းပါတယ်..အားပေးသွားတရ်.. မှတ်ရအောင်လည်း ကူးသွားတရ်…
မိန်းကလေးနေရာ.. ယောက်ျားလေးအစားထိုးပြီးတော့ပေါ့..
By: sandi at Jun 27, 2011
Comment #16
ရသမြောက်တဲ့ ကဗျာတစ်ပုဒ်ပါပဲ….။
အစ်ကိုရဲ့ယောက်ျားတွေ ၇ဲ့အချစ် ကိုဖော့်ျုးချင်တာ် ကျွန်တော်သဘောကျပါတယ်..။အားပေးပါတယ်…။
By: Nyi Zaw at Jun 29, 2011
Comment #18
ဟုတ်ပ ဆိုးလိုက်တာနော် ဘာလို့များအဲလိုလုပ်ရက်ကြပါလိမ့် နော်
By: အသည်းခွဲတတ်သူ at Jul 1, 2011
Comment #19
အကိုရေးတဲ့ကဗျာတွေထဲမှာ ဒီကဗျာကတော့ ကောင်းပါတယ် ဒါပေမယ့်မိန်းကလေးတွေဘက်ကကြည့်ရင်တော့ တော်တော်ကိုဆိုးပါတယ် မိန်းကလေးတိုင်းအဲလိုမဆိုးကြသလို ယောက်ျားလေးတိုင်းလည်းအဲလောက်မချစ်တတ်ပါဘူး ကျွန်တော်ကလည်းမိန်းကလေးတစ်ယောက်ပါ
By: အသည်းခွဲတတ်သူ at Jul 5, 2011




Comment #1
ဟာ…မိန်းမတွေ
ဒေါကန်နေဦးမယ်ဗျို့….သားသားမပါဘူးနော်.ဟဲဟဲ
အားပေးသွားပါတယ်။