Professional Authors

အတောမသတ်သော ရှာဖွေခြင်း

လက်ရှိအဖြစ်နဲ့ အဆင်မပြေတိုင်း

အတ္တနဲ့မာန က အလိုက်ကန်းဆိုးမသိ

ခပ်တည်တည်နဲ့ ငါ့ကို ပြန်ဆဲတယ် . . .


ငါ့သမိုင်း က အများသုံး ရေအိမ် နံရံ လိုပါပဲ

တောင်ခြစ်မြောက်ခြစ် ပြသနာတွေနဲ့

မျက်မှန်ထူထူတပ်

ငါ့ကိုယ်ငါတောင် ပြန်မဖတ်တတ်တော့ဘူး . . .


တစ်ခါတစ်လေတော့လဲ

ည အန်ထုတ်လိုက်မဲ့ ကမ္ဘာကို တောင့်တရင်း

အိပ်တန်းပြန်ငှက်တွေကို အားကျမိတယ် . . .

စောင်းကို ရိုက်ခွဲပြီး

သာယာသံကို လိုက်ရှာမိတဲ့ ငါ

မိုးကြီးချုပ်တောင် အိမ်မပြန်နိုင်သေးဘူးလေ . . .

 

In: ကဗျာ Posted By: Date: Jun 8, 2011
Comment #1

လောက ရဲ့ တစ်နေရာတစ်ထောင့်မှာ ငြိမ်းချမ်းရာ တစ်စုံတစ်ရာကို ကဗျာဆရာ ရှာဖွေတွေ့ ရှိနိုင်ပါစေဗျာ…

commentinfo By: phyowai at Jun 11, 2011
Comment #2

ဒီလိုလဲ ဖြစ်တတ်ပါတယ်
တစ်ချိန်ချိန်တော့ အဆင်ပြေသွားမှာပါ

commentinfo By: ရော်နသန်ဇင်ယော် at Jun 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment