Dead Anniversary (26)
ကျွန်တော်သာ. . ဖန်ဆင်းရှင်တယောက်ဆို
သူ့ကို အတိတ်မေ့အောင်ဖန်ဆင်း
ကျွန်တော့်ပေါ်မှ အငြိုးတကြီး လောင်ကျွမ်းရက်စက်
အမုန်းတွေ မေ့ စေခဲ့မယ်။
လွမ်းရက် အနွမ်းဆက်
အနမ်းငတ် ကျွန်တော့် ကမ္ဘာထဲ
ကြင်သူပစ်တဲ့အတိတ်တွေသာ . . စိုးမိုး
ဖြစ်နိုင်မယ်ဆိုခဲ့ရင်
ချစ်သူ့လက်လေး ဖမ်းဆုပ်လို့
မျက်ဝန်းနက်လေး ဆိုက် ကြည့်ချင်သေးတယ်။
တကယ်တော့
နင့်ပုံပြင်တွေထဲမှာ ငါ ကျန်
နင့်အတိတ်တွေထဲမှာ ငါအရိပ်ဖြစ်ခဲ့တာ ကြာလို့
ငါ့ကိုလည်း နင် မေ့နေရောပေါ့
သေချာစွာ သိနေခဲ့လည်း
မရေရာစွာ အိပ်မက်အသေတွေတူး
အနာဂတ်မှာ ကြည်နူးခွင့်ရဖို့
တိတ်တဆိတ် ကြိတ်ရူး ခဲ့တယ်။
ဆုံဆည်းခွင့်ဆိုတာ
နင့်အပြုံးတ၀က် ခြေလှမ်းတဖက်မှာ
အဆုံးအဖြတ်တည်တာမို့
ပြန်လှမ်းမလာတဲ့ အလွမ်းကမ္ဘာထဲ
မျှော်လင့်ချက်အသေများနဲ့ 
ဇွတ်မိုက်စွာစောင့်ဆိုင်းခဲ့ပေမယ့်
အကျိုး ထူးး မလာပါဘူး။
မှား ခဲ့တာတွေအတွက် အယူခံမ၀င်
ခွင့်လွှတ်ဖို့ မတောင်းပန်လိုပေမယ့်
ဘ၀အဆက်ဆက်တိုင်. . တာဆီးမရနိုင်တဲ့
အလွမ်းတို့နဲ့ နင့်အတွက် ငါ့အချစ်ခိုင်မြဲနေတယ်ဆိုတာ
အသိအမှတ်ပြုပေးပါ။
ခဏခဏ….လွမ်း
အဆက်မပြတ်……တမ်း
နွမ်းရ ဒဏ်ရာ များလှ ချည့်နဲ့
နင့်လျစ်လျူရှု ဥပေက္ခာတွေအောက်
ခံနိုင်ရည် ကုန်ဆုံးကာ
ထောက်ထားမညှာတဲ့ သံယောဇဉ်တပ်မက်မှုကြောင့်
ငါ့နှလုံးသား……………..
နှစ်ဆယ့်ခြောက်မှာ……….
အသက်……..ပျောက်ခဲ့ရတယ်………..
…………………………………………
နင်………………….
ရောက်……….မလာ……… ဘူး။ ။
အသဲကွဲမိုး (26.5.2011 – 9:45pm)
Comment #3
ကျွန်တော်အတွက်တော့ နှစ်ဆယ့်တစ် 🙂
 By: tunnel at Sep 27, 2011
                        By: tunnel at Sep 27, 2011
                    Comment #4
ငါ့နှလုံးသား……………..
နှစ်ဆယ့်ခြောက်မှာ……….
အသက်……..ပျောက်ခဲ့ရတယ်………..
…………………………………………
နင်………………….
ရောက်……….မလာ……… ဘူး။ ။
ခံစားချက်ကို ထင်းခနဲ့ မြင်စေတဲ့ အဆုံးသတ်ပါပဲဗျာ။ လေးစားနှစ်ခြိုက်မိတယ်။ ပြောရဦးမယ်ဗျာ ကျွန်တော်မောင်ချီရွန် လည်း အဲလို ရေးတတ်ချင်ပါ၏။ =)
 By: ChIr0N at Apr 8, 2012
                        By: ChIr0N at Apr 8, 2012
                    Comment #5
perfect,,
simple lovely poem again,,ma moe
so touching to my heart
 By: ei lay at Apr 8, 2012
                        By: ei lay at Apr 8, 2012
                    Comment #6
မျက်ရည် ၀ဲ စေ တဲ့ ရေးလက် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မဖတ်တော့ဘူးလို့ ဆုံးဖြတ်ထားတာကွ
တောက် !
မူးယစ်ဆေးထက် ဆိုးတယ် :'(
 By: sharon myorr myor at Apr 8, 2012
                        By: sharon myorr myor at Apr 8, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ဆုံဆည်းခွင့်ဆိုတာ
နင့်အပြုံးတ၀က် ခြေလှမ်းတဖက်မှာ
အဆုံးအဖြတ်တည်တာမို
ပြန်လှမ်းမလာတဲ့ အလွမ်းကမ္ဘာထ
မျှော်လင့်ချက်အသေများနဲ့
ဇွတ်မိုက်စွာစောင့်ဆိုင်းခဲ့ပေမယ့်
အကျိုး ထူးး မလာပါဘူး။
မိုက်တယ်ဗျာ…..စာသားလေးက
အားပေးသွားတယ်နော်။